ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ကမ္ဘောဇအုပ်စု၊ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း နဲ့ Smile Asia တို့ပူးပေါင်းပြီး လာမယ့်သြဂုတ်လ(၂၆)ရက်မှ(၂၉)ရက်ထိ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲဝေဒနာရှင်တွေကို အခမဲ့ ခွဲစိတ်ကုသပေးသွားမှာ ဖြစ်ပါတယ်။ ခွဲစိတ်မှုတွေကို အသက်(၆)လက စတင်ပြုလုပ်ပေးမှာဖြစ်ပြီး လူဦးရေအကန့်အသတ်နဲ့ပြုလုပ်ပေး သွားမှာဖြစ်ပြီး သြဂုတ်လ (2)ရက်အထိ လူဦးရေ အယောက် (၁၀၀)ကျော်စာရင်းပေးသွင်း ထားတယ်လို့သိရပါတယ်။ နယ်ဘက်ဒေသတွေမှ ကုသမှုလာရောက်ခံယူမဲ့ ဝေဒနာရှင်တွေအတွက် ကမ္ဘောဇအုပ်စု နဲ့ ကမ္ဘောဇအနာဂတ် အလင်းတန်းမြန်မာဖောင်ဒေးရှင်းတို့က လမ်းခရီးအသွားအပြန်စရိတ်၊ အစားအသောက်တွေကို တာဝန်ယူကူညီပေးသွားမှာဖြစ်ပြီး တည်းခိုစရာနေရာအဖြစ် မရမ်းကုန်းမြို့နယ်ရှိ ပေါက်စေတီဘုန်းတော်ကြီးကျောင်းမှာ  နေရာစီစဉ်ပေးတယ်လို့ မ္ဘောဇအုပ်စုရဲ့ တာဝန်ရှိသူတစ်ဦးက အခုလိုပဲ ပြောပါတယ်။

ဒီအခမဲ့ခွဲစိတ်မှုတွေအတွက် သြဂုတ်လ (25)ရက်မှာ ကျန်းမာရေးစစ်ဆေးပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့နှစ်တွေမှာတော့ ရန်ကုန်တိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်တို့မှာရှိတဲ့ နှုတ်ခမ်းကွဲ၊အာခေါင်ကွဲ ဝေဒနာရှင်(၃၆၂)ဦးကို အောင်မြင်စွာ ကုသပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကမ္ဘောဇအုပ်စု၊ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း နဲ့ Smile Asia တို့ကပူးပေါင်းပြီး ပြုလုပ်သွားမယ့် အစီအစဉ်ကို စိတ်ပါဝင်စားသူတွေအနေနဲ့ ဖုန်းနံပါတ် ၀၉-၄၂၇၅၆၂၀၀၃ နဲ့ ၀၉-၄၂၇၅၆၂၀၀၄ ကိုဆက်သွယ်ပြီး စာရင်းပေးသွင်းနိုင်တယ်လို့သိရပါတယ်။

 

 

 

Related News