ပန်းလှိုင်စီလုံဆေးရုံနဲ့ Servier ကုမ္ပဏီတို့ ပူးပေါင်းပြုလုပ်တဲ့ နှလုံးသွေးကြောရောဂါများဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို သြဂုတ်လ(၅)ရက်က ရန်ကုန်မြို့ Summit Park View ဟိုတယ်မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ 
ဒီဟောပြောပွဲမှာ လက်ရှိပြည်တွင်းမှာ အများဆုံးဖြစ်ပွားနေတဲ့ နှလုံးသွေးကြောရောဂါတွေအကြောင်းကို အဓိကဟောပြော ခဲ့တာဖြစ်ပြီး နှလုံးရောဂါဖြစ်ပွားရတဲ့အကြောင်းအရင်းတွေနဲ့ ကုသမှုဆိုင်ရာကုထုံးတွေကို ပြည်သူတွေသိရှိနိုင်စေရန် ရည်ရွယ်ပြီး ဟောပြောပွဲကို ပြုလုပ်တာဖြစ်ပါတယ်။

ဒီဟောပြောပွဲမှာ ပန်းလှိုင်စီလုံဆေးရုံကြီးရဲ့ ပြည်တွင်းပြည်ပမှ နှလုံးအထူးကုဆရာဝန်ကြီးတွေက ရုတ်တရက် နှလုံးရပ်တန့် သေဆုံးခြင်း၊ နှလုံးသွေးကြောကျဉ်းခြင်း ရောဂါများအကြောင်း၊ သွေးတိုးရောဂါ၊ နှလုံးပုံရိပ်ဖော်ခြင်း အကြောင်းအစရှိတဲ့ ခေါင်းစဉ်များနဲ့ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ 

ပန်းလှိုင်စီလုံဆေးရုံအနေနဲ့ အခုလို နှလုံးသွေးကြောရောဂါများဆိုင်ရာ အသိပညာပေးဟောပြောပွဲတွေအပြင်  မိခင်နဲ့ ကလေးကျန်းမာရေး၊ ကင်ဆာကာကွယ်ကုသရေး၊ အရေးပေါ်ကုနည်းတွေနဲ့ အသည်းရောင်အသားဝါရောဂါကုသရေး အစရှိတဲ့ ကျန်းမာရေးဟောပြောပွဲတွေကို နှစ်စဉ်ပြုလုပ်ပေးနေတာဖြစ်တယ်လို့ သိရပါတယ်။ 

 

 

 

Related News