ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကဦးစီးပြီး ကမ္ဘောဇအုပ်စု၊ ကမ္ဘောဇအနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်း၊ Smile Asia Medical Mission တို့ပူးပေါင်းပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ်တွေကို အခမဲ့ခွဲစိတ်ကုသပေးနေတာ ဖြစ်ပါတယ်။ အိငယ်ငယ်ဖြိုးကတင်ဆက်ပေးမှာဖြစ်ပါတယ်။မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ်တွေ အခမဲ့  ခွဲစိတ်မှုကို ပြီးခဲ့တဲ့သြဂုတ်လ(၂၇)ရက်က စတင်ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ပြုလုပ်ပေးနေတာပါ။အခုပြုလုပ်ပေးနေတဲ့ ခွဲစိတ်ကုသမှုကို မြန်မာနိုင်ငံအနှံ့အပြားက မွေးရာပါနှုတ်ခမ်းကွဲ၊အာခေါင်က ဝေဒနာရှင်ကလေးငယ်(၁၄၀)ခန့် က စာရင်းပေးသွင်းထားတယ်လို့ သိရပါတယ်။ ဒီလိုစာရင်းပေးသွင်းထားတဲ့ ဝေဒနာရှင်ကလေးငယ် တွေကို သြဂုတ်(၃၀)ရက်ထိ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အခမဲ့ ခွဲစိတ်ပေးသွားမှာ ဖြစ်ပါတယ်။

အခုခွဲစိတ်ကုသမှုကို တစ်ရက်ကိုကလေးငယ်(၂၅)ယောက်ခန့် ပြုလုပ်ပေးနေပြီး  သြဂုတ်(၂၇)ရက်ကနေ သြဂုတ်လ (၂၉)ရက်အထိကိုတော့ မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာရှင်ကလေးငယ်  (၇၂)ယောက် ကို အောင်မြင်စွာ ခွဲစိတ်ပေးပြီး ဖြစ်တယ်လို့ သိရပါတယ်။ နယ်ဘက်ဒေသတွေက ကုသမှုလာရောက်ခံယူတဲ့ ဝေဒနာရှင်တွေအတွက်ကို ကမ္ဘောဇအုပ်စု နဲ့ ကမ္ဘောဇအနာဂတ် အလင်းတန်းမြန်မာဖောင်ဒေးရှင်းတို့ က လမ်းခရီးအသွားအပြန်စရိတ်၊ အစားအသောက်စရိတ်နဲ့  တည်းခိုစရာနေရာတွေကိုပါ တာဝန်ယူကူညီပေးထားတယ်လို့သိရပါတယ်။

ဒီလို အခမဲ့ခွဲစိတ်ကုသပေးတဲ့ အစီအစဉ်ကို ကမ္ဘောဇအုပ်စု နဲ့ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာ ဖောင်ဒေးရှင်းတို့က ငါးကြိမ်မြောက်ပြုလုပ်ပေးတာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်တွေမှာတော့ ရန်ကုန်တိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်တို့က နှုတ်ခမ်းကွဲ၊အာခေါင်ကွဲ ဝေဒနာရှင်ကလေးငယ် (၃၆၂)ဦးကို အောင်မြင်စွာ ကုသပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

 

 

 

Related News