ဆယ်ကျော်သက်အရွယ်အများစုရဲ့ ဆေးလိပ်သောက်သုံးတဲ့ အလေ့အကျင့်က  အတူနေမိသားစုဝင်တွေကတစ်ဆင့် တတ်မြောက်ကြတာဖြစ်တယ်လို့ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ကောက်ယူတဲ့ Global Youth Tobacco Survey (ဂလိုဘယ်လ် ယု တိုဘက်ကိုး ဆာဗေး) မှသိရပါတယ်။အတူနေ မိသားစုဝင်တွေမှာ ဆေးလိပ်သောက်သုံးသူရှိခဲ့ရင် ဆယ်ကျော်သက်အရွယ်တွေ ဆေးလိပ်သောက်တတ်ဖို့ လွယ်ကူသွားကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှကောက်ယူတဲ့ Global Youth Tobacco Survey အမည်ရစစ်တမ်းမှ သိရပါတယ်။

အဆိုပါစစ်တမ်းကို ပြီးခဲ့တဲ့  (၂၀၀၇) ခုနှစ်က စတင်ပြုလုပ်ခဲ့ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးရှိ စာသင်ကျောင်းတွေမှာ တက်ရောက်နေတဲ့ အသက် (၁၃) နှစ်ကနေ (၁၅) နှစ်အရွယ်ကျောင်းသားကျောင်းသူတွေကို မေးမြန်းကောက်ယူခဲ့တာဖြစ်ပါတယ်။အတူနေမိသားစုဝင်ဖြစ်သူ အဖေ၊ ဦးလေးနဲ့ အကိုတွေ ဆေးလိပ်သောက်တာကို အမြဲ မြင်တွေ့နေရတာကြောင့် ဒီလို ဆေးလိပ်သောက်တာကို အပြစ်မမြင်ပဲ ဆေးလိပ်သောက်တတ်ခဲ့တယ်လို့ ဆယ်ကျော်သက် ကျောင်းသားကျောင်းသူအများစုက ဖြေဆိုခဲ့ကြပါတယ်။

အသက် (၁၃) နှစ်ကနေ (၁၅) နှစ်အရွယ် ကျောင်းသား (၃၀) ရာခိုင်နှုန်းကျော်နဲ့ကျောင်းသူ (၈) ရာခိုင်နှုန်းက ဆေးလိပ်သောက်သုံးတာကို အတူနေ မိသားစုကတစ်ဆင့် တတ်မြောက်ခဲ့ကြကြောင်းအဆိုပါစစ်တမ်းမှသိရပါတယ်။ ဒါကြောင့် ဆေးလိပ်သောက်သုံးတာကို အများပြည်သူသွားလာတဲ့နေရာတွေအပြင် အိမ်မှာနေရင်လည်း ကလေးတွေအရှေ့မှာပါရှောင်ကြဉ်ဖို့ လိုအပ်လာပါတယ်။ဆေးလိပ်သောက်သုံးတာကို အတုယူမမှားအောင်၊ ဆေးလိပ်ငွေ့ကနေတစ်ဆင့် ရှူရှိုက်ရတာတွေ လျော့နည်းသွားအောင် ရန်ကုန်မြို့ရှိ မြို့နယ် (၂၀) မှာ ဆေးလိပ်မသောက်သုံးရနယ်မြေတွေ ဖော်ဆောင်သွားမှာဖြစ်ကြောင်းသိရပါတယ်။ အဆိုပါ စီမံကိန်းကို ယခုနှစ်ကနေ လာမယ့်ငါးနှစ်အတွင်း အပြီးသတ်အကောင်ထည်ဖော်မယ်လို့ ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းမှ သိရပါတယ်။ 

 

 

Related News