မြတ်စေတနာကျန်းမာရေးစောင့်ရှောက်မှုပရဟိတအသင်းကနေ ကျန်းမာရေးမကောင်းတဲ့ ဝေဒနာရှင်တွေကို အခမဲ့ ဆေးကုသမှုပေးနေပါတယ်။ မြတ်စေတနာကျန်းမာရေးစောင့်ရှောက်မှုပရဟိတအသင်းရဲ့မြတ်စေတနာဆေးခန်းကို(၂၀၁၈)ခုနှစ် ဇန်န၀ါရီ (၄)ရက်ကစတင်ဖွင့်လှစ်ခဲ့တာပါ။ဒီဆေးခန်းကို ဖွင့်လှစ်ရတာဟာငွေကြေးမတတ်နိုင်တဲ့ ကျန်းမာရေး မကောင်းတဲ့ဝေဒနာရှင်တွေဆေးကုသနိုင်ဖို့အတွက်ရည်ရွယ်ဖွင့်လှစ်တာလို့သိရပါတယ်။ပရဟိတဆေးခန်း ဖြစ်တာကြောင့် မည်သည့်ဒေသကမဆိုအရပ်ဒေသမရွေး ကျန်းမာရေးမကောင်းတဲ့ဝေဒနာရှင်တွေ လာရောက်ပြသလို့ ရတယ်လို့ပြောပါတယ်။ ဒီဆေးခန်းမှာ ရန်ကုန်ဆေးရုံကြီး၊မြောက်ဥက္ကလာပဆေးရုံနဲ့အခြားပြင်ပဆေးခန်းများမှ ဆရာဝန်တွေက အခမဲ့လာရောက်ကုသပေးနေတာဖြစ်ပြီး ဆေးခန်းမှာတော့ အထွေထွေရောဂါ၊အရိုးအကြောရောဂါ၊ သွားနှင့်ခံတွင်းရောဂါစတာတွေအပြင် မျက်စိခွဲစိတ်ပေးတာနဲ့မျက်မှန်ပြုလုပ်ပေးတာတွေကိုပါ အခမဲ့ကုသ ပေးနေတာပါ။ဒါ့အပြင်ဆီးချို၊သွေချိုစစ်ပေး ခြင်း၊သွေးပေါင်ချိန်ပေးခြင်းတွေကိုလည်းအခမဲ့လုပ်ဆောင်ပေးနေတယ်လို့သိရပါတယ်။မြတ်စေတနာပရဟိတဆေးခန်းတနင်္ဂနွေနေ့မှအပ မနက်(၇)နာရီမှ ညနေ(၆)နာရီအထိ ဖွင့်လှစ်ကုသပေးနေတာဖြစ်ပြီး တစ်နေ့ကိုလူနာ(၁၀၀)နီးပါးလာရောက်ဆေးကုမှုခံယူနေတာဖြစ်ပါတယ်။

 

 

Related News