မန္တလေးမြို့မှာ အခမဲ့ပညာရေးဆွေးနွေးပွဲကို စက်တင်ဘာလ ၂၁ရက်က မန္တလေးမြို့ Hilton Hotel မှာ ပြုလုပ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ယခုပြုလုပ်တဲ့ အခမဲ့ပညာရေးဆွေးနွေးပွဲကို SIM Gobal Education နဲ့ Myanmar Search International(MIS) တို့က ပူးပေါင်းပြုလုပ်တာဖြစ်တယ်လို့သိရပါတယ်။  ဒီပညာရေးဆွေးနွေးပွဲမှာ ကျောင်းသား၊ကျောင်းသူတွေကို လူမှုဆက်ဆံရေးရဲ့အကျိုးသက်ရောက်မှုတွေ၊ထိရောက်မှုနဲ့ မိမိဘဝအောင်မြင်စေဖို့အတွက် လူမှုဆက်ဆံရေးဟာ ဘယ်လောက်ထိအရေးပါလဲဆိုတာတွေကို သိရှိစေဖို့အတွက် ဆွေးနွေးသွားမှာဖြစ်တယ်လို့ပြောပါတယ်။

အခုလို အခမဲ့ပညာရေးဆွေးနွေးပွဲမှာ Fun with Communication Workshop ခေါင်းစဉ်နဲ့အဓိကဆွေးနွေးခဲ့တာဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲမှာ ကျောင်းသား၊ ကျောင်းသူတွေကို လူမှုဆက်ဆံရေးနဲ့ပတ်သက်တဲ့အကြောင်းအရာအချက်အလက်တွေကို သိရှိစေဖို့ဆွေးနွေးသွားမှာဖြစ်ပြီး  ၂၀၁၈ ခုနှစ် အောက်တိုဘာလကျောင်းဖွင့်ချိန်နဲ့ ၂၀၁၉ခုနှစ် ဧပြီလ ကျောင်းဖွင့်ချိန်တို့မှာ 100% ပညာသင်ဆုလျှောက်ထားရတာတွေအတွက် သတင်းအချက်အလက်တွေကိုပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။ အခမဲ့ပညာရေးဆွေးနွေးပွဲကို တက္ကသိုလ်ဝင်တန်းအောင်မြင်ထားတဲ့ကျောင်းသား၊ကျောင်းသူတွေနဲ့ နိုင်ငံတကာပညာရေးလမ်းကြောင်းကိုစိတ်ဝင်စားတဲ့ကျောင်းသား၊ကျောင်းသူတွေတက်ရောက်ခဲ့တယ်လို့သိရပါတယ်။

(မြန်မာကျောင်းသား၊ကျောင်းသူတွေအနေနဲ့ပေါ့ဗျာနိုင်ငံခြားပညာသင်ကြားရေးတွေမှာလည်းသွားရောက်ပြီးသင်စေချင်ပါတယ်နိုင်ငံခြားမှာပညာသင်ကြားရေးဆိုတာတွေကိုသင်ယူလေ့လာစေချင်တာပေါ့ဗျာ စင်္ကာပူနိုင်ငံတစ်နိုင်ငံတည်းမဟုတ်ပါဘူး UK ၊ US ၊ သြစတြေးလျ ထိ သွားပြီး ပညာသင်ကြားလို့ရပါတယ်။  စင်္ကာပူကိုလာရောက်ပြီး ပညာသင်ကြားမယ်လို့မျှော်လင့်ပါတယ် MSI ၊ SIM တို့ပူးပေါင်းပြီးလုပ်တဲ့ပွဲလေးဖြစ်တဲ့အတွက် MSI ကနေတဆင့် Information တွေကိုထပ်ပြီးရှာလို့ရပါတယ်)Myanmar Seach International (MSI) ကို 2007 ခုနှစ်ကစတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး MSI မှ ပညာသင်ဆုဖြင့် သွားရောက်ပညာသင်ကြားနေတဲ့ကျောင်းသား၊ကျောင်းသူ ၂၀၀ ကျော်ရှိတယ်လို့သိရပါတယ်။ 

 

 

 

Related News