ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ B.K.Kee Foundation ၊ မြန်မာအသည်းဖောင်ဒေးရှင်း၊ Community Partners International နဲ့ အမေရိကန်နိုင်ငံ Stanford University School of Medicine’s Centre for Innovation For Global Health တို့ပူးပေါင်းပြုလုပ်တဲ့ ၂၀၁၈ ခုနှစ် မြန်မာနိုင်ငံအသည်းရောဂါပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲကို အောက်တိုဘာလ (၂၀)ရက် မှ (၂၁)ရက်ထိ နိုဗိုတယ်ဟိုတယ်မှာ (၂)ရက်ကြာကျင်းပ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒီနှီးနှောဖလှယ်ပွဲကို နိုင်ငံတကာက အသည်းရောဂါဆရာဝန်ကြီးများနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ အတွေအကြုံရင့်ပညာရှင်တွေက အသည်းကင်ဆာ ရောဂါ ဆိုင်ရာ အတွေ့အကြုံတွေ၊ ကုထုံးတွေ၊ပညာရပ်ဆိုင်ရာ အချက်အလက်တွေကို အပြန်အလှန် ဆွေးနွေးနှီးနှော တိုင်ပင်နိုင်စေဖို့အတွက် ရည်ရွယ်ပြုလုပ်တာဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံအသည်းရောဂါပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲမှာ အသည်းရောင်အသားဝါရောဂါ ဘီပိုး၊ စီပိုးနဲ့ အသည်းရောဂါနဲ့ ပတ်သက်တဲ့ နှီးနှောဖလှယ်ပွဲတွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေနဲ့ သုတေသန ပိုစတာပြသခြင်း အစီအစဉ်တို့ကို ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့သိရပါတယ်။ဒီအသည်းရောဂါပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲကို ၂၀၁၆ ခုနှစ်ကစတင်ပြုလုပ်ခဲ့တာဖြစ်ပြီး၊ အခုအကြိမ် ကတော့ ဒုတိယအကြိမ်မြောက် ကျင်းပပြုလုပ်တာဖြစ်တယ်လို့ သိရပါတယ်။

 

 

Related News