ခရုသင်း၊သမင်ဖြူနဲ့ဆင်တူတဲ့  အခြားအရေပြားရောဂါများဆိုင်ရာ ဟောပြောပွဲကို အောက်တိုဘာလ (၂၀)ရက်က ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းသစ်မှာရှိတဲ့ ကမ်ဘန်ဂန် ဆေးရုံမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။တယ်။ ခရုသင်း၊သမင်ဖြူဆိုတဲ့ရောဂါက အရေပြားပေါ်မှာ သဘာဝအရောင်အချို့ ချို့တဲ့သွားတဲ့ နာတာရှည် အရေပြားရောဂါတစ်မျိုးဖြစ်တယ်လို့သိရပါတယ်။ ခရုသင်းရောဂါက အကြောင်းအရင်းများစွာရှိပြီး အများစုကတော့ ကိုယ်ခန္ဓာ အားနည်းလို့ဖြစ်ပေါ်တာလို့ ကမ်ဘန်ဂန် ဆေးရုံက ဒေါက်တာ ဝေယံဖြိုးက ပြောပါတယ်။

ခရုသင်းရောဂါက ရာခိုင်နှုန်းအားဖြင့် (၁)ရာခိုင်နှုန်းမှ(၂) ရာခိုင်နှုန်း အထိသာဖြစ်လေ့ရှိပြီး ကူးစက်တတ်တဲ့ ရောဂါ မဟုတ်ဘူးလို့ သိရပါတယ်။ ဒီအရေပြားရောဂါက မကူးစက်နိုင်ပေမယ့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဘေးထွက်ဆိုးကျိုး တွေတော့ ရှိနိုင်တယ်လို့ ပြောပါတယ်။

ခရုသင်း၊ သမင်ဖြူနဲ့ဆင်တူတဲ့  အခြားအရေပြားရောဂါများဆိုင်ရာ ဟောပြောပွဲ ပြုလုပ်ခဲ့တဲ့ ကမ်ဘန်ဂန်ဆေးရုံမှာ အရေပြားရောဂါနဲ့ပတ်သက်ပြီး အရေပြားအစားထိုးကုသခြင်း၊လေဆာဖြင့်ကုသခြင်း၊ခေတ်မီ ကုထုံးတွေနဲ့ ကုသမှုတွေ ပြုလုပ်ပေးလျှက် ရှိတယ်လို့သိရပါတယ်။

 

 

Related News