နှလုံးရောဂါနှင့် လေဖြတ်ရောဂါကာကွယ်ခြင်းအကြောင်းဆွေးနွေးပွဲကို အောက်တိုဘာလ(၂၅)ရက်က ရန်ကုန်မြို့ တာမွေအခွန်လွတ်ဈေးအနီးရှိ  Ar Yu ဆေးရုံမှာ ပထမဆုံးအကြိမ် ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

Ar Yu ဆေးရုံကဦးစီးပြုလုပ်တဲ့ ဒီဆွေးနွေးပွဲမှာ နှလုံးရောဂါနှင့် လေဖြတ်ရောဂါကာကွယ်ခြင်းအကြောင်း အရာတွေ ကိုပြည်သူတွေသိရှိစေရန်၊  ကျန်းမာရေးအတွက် အနေအထိုင်၊ အစားအသောက် တွေကို စနစ်တကျစားသုံးတတ်စေရန် ရည်ရွယ်ပြီး ပြုလုပ်တာဖြစ်ပါတယ်။  နှလုံးရောဂါနဲ့ လေဖြတ်ရောဂါဟာ အသက်အရွယ်ကြီးငယ်မရွေးအဖြစ်များတဲ့ ရောဂါဖြစ်ပြီး ဆီးချိုသွေးချိုရှိခြင်း၊ သွေးတိုးရောဂါရှိခြင်း၊ ဆေးလိပ်၊ကွမ်း၊ အရက်သောက်သုံးခြင်း၊ အ၀လွန်ခြင်း၊ မွေးရာပါနှလုံးကြီးခြင်း၊ နှလုံးခုန်မမှန်ခြင်း၊ ကျန်းမာရေးနဲ့မညီညွှတ်တဲ့ အစားအသောက်စားသုံးခြင်း၊ ကိုယ့်လက်လှုပ်ရှားမှုနည်းခြင်း အစရှိတာတွေကြောင့် လည်း နှလုံးရောဂါနဲ့ လေဖြတ်ရောဂါဖြစ်ပွားနိုင် တယ်လို့သိရပါတယ်။

နှလုံးရောဂါနဲ့ လေဖြတ်ရောဂါကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးဆွေးနွေးပွဲအပြင် Ar Yu International ဆေးရုံ မှာ ကျန်းမာရေးဆိုင်ရာ အမေးအဖြေများ ဆွေးနွေးပေးခြင်း၊ ဆီးချို၊သွေးချိုစစ်ပေးခြင်း စတာတွေကိုလည်း အခမဲ့ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 

 

Related News