ပြည်တွင်းမှာ နှလုံးသွေးကြောကျဉ်းရောဂါဖြစ်ပွားမှုများလာပြီး (၃)ပုံမှာ တစ်ပုံလာက်က နှလုံးသွေးကြောကျဉ်း ရောဂါဝေဒနာကို ခံစားနေရတယ်လို့ သိရပါတယ်။နှလုံးသွေးကြောကျဉ်းရောဂါဟာ နှလုံးသွေးကြောနံရံတွေမှာ အဆီခဲများတာကြောင့် နှလုံးသွေးကြောကျဉ်း မြောင်းလာ ပြီး အောက်စီဂျင်အလုံအလောက်မရရှိပဲ ရောဂါလက္ခဏကို ခံစားလာရတာဖြစ်ပါတယ်။လက်ရှိ ပြည်တွင်းမှာလည်း နှလုံးသွေးကြောကျဉ်း ရောဂါဖြစ်ပွားမှုများလာပြီး (၃)ပုံမှာ (၁)ပုံလာက်က နှလုံးသွေးကြောကျဉ်းရောဂါဝေဒနာကို ခံစားနေရတယ်လို့သိရပါတယ်။ ဒါ့ကြောင့် နှလုံသွေးကြောကျဉ်းတဲ့ ရောဂါကိုကြိုတင်ကာကွယ်ဖို့အတွက် ဆရာဝန်ညွှန်ကြားချက်အတိုင်း နေထိုင်စားသောက်ပြီး သင့်လျော်တဲ့ ဆေးဝါးတွေကို တိတိကျကျ သောက်သုံးကာကွယ်သင့်တယ်လို့  ArYu International Hospital က ဒေါက်တာခင်မို့မို့ဦးက ပြောပါတယ်။

နှလုံးသွေးကြောကျဉ်းရောဂါဖြစ်ပွားပါက ရောဂါလက္ခဏတွေအနေနဲ့ ရင်ဘတ်အောင့်ခြင်း ၊ အသက်ရှုမ၀ခြင်း၊ အသက်ရှုကြပ်ခြင်း၊ မောပန်းလွယ်ခြင်းတို့ဖြစ်ပွားပြီး နှလုံးသွေးကြောပိတ်သွားပါက ရင်ဘတ်ပြင်းထန်စွာအောင့်ခြင်း၊ ချွေးစေးများပြန်ပြီး သတိလစ်ခြင်း တို့ဖြစ်နိုင်ပါတယ်။  နှလုံးသွေးကြောကျဉ်းရောဂါဟာ  မျိုးရိုးလိုက်ခြင်း၊ ဆီးချို၊သွေးချိုရောဂါရှိခြင်း၊ သွေးတွင်းအဆီဓါတ်များခြင်း၊ သွေးတိုးရောဂါရှိခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အ၀လွန်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း၊ စတာတွေကြောင့် ဖြစ်ပွားတယ်လို့သိရပါတယ်။

 အခုလိုနှလုံးသွေးကြောကျဉ်းရောဂါကိုကြိုတင်ကာကွယ်ကုသဖို့အတွက် သင့်တင့် မျှတတဲ့အစားအစာစားသုံးခြင်း၊ အချိုရည်အစား ရေကိုသောက်သုံးပေးခြင်း၊  ငါးများများစားသုံးခြင်း၊ ဆီကြော်စာများလျှော့စားပြီး အသီးအရွက်များများစားသုံးခြင်း၊ ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်ခြင်း၊စိတ်ဖိစီးမှုလျော့ကျနိုင်စေမယ့်ယောဂထိုင်ခြင်း၊ ဆီးချိုသွေးချိုပုံမှန်စစ်ဆေးပေးခြင်းအပြင် ဆရာဝန်ရဲ့ညွှန်ကြားချက်တွေကို လိုက်နာ ဆောင်ရွက်သင့်တယ်လို့သိရပါတယ်။

 

 

Related News