SCG နဲ့ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးတို့ ပူးပေါင်းပြီး “ကြည်လင်သောအမြင်အာရုံမျှဝေခြင်း”အမည်နဲ့  အတွင်းတိမ်ရောဂါ ခွဲစိတ်ကုသခြင်းနဲ့ ပတ်တီးဖြည်ခြင်းအခမ်းအနားကို နိုဝင်ဘာလ(၁၁)ရက်က မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ပြည်သူ့ဆေးရုံကြီးမှာ ပြုလုပ်ခဲ့ပါတယ်။ အတွင်းတိမ်ရောဂါဝေဒနာခံစားနေရပြီး ကုသမှုခံယူဖို့အလှမ်းဝေးတဲ့ ဆင်းရဲနွမ်းပါးတဲ့ ပြည်သူတွေကို ထောက်ပံ့ဖို့အတွက် “ကြည်လင်သောအမြင်အာရုံမျှဝေခြင်း”အစီအစဉ်ကိုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီအစီအစဉ်ဟာ အတွင်းတိမ်ရောဂါ ဝေဒနာခံစားနေရတဲ့ မျက်စိဝေဒနာရှင်တွေကို  အထောက်အပံ့ဖြစ်စေဖို့နဲ့ ပိုမိုကြည်လင်သောအမြင်အာရုံရရှိစေပြီး အသက်ဆက်ရှင်သန်ဖို့အတွက် ရည်ရွယ်ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်းကျော်  ပြောပါတယ်။

အခုလို အတွင်းတိမ်ရောဂါဝေဒနာခံစားနေရသည့် မျက်စိဝေဒနာရှင်တွေကို ကုသပေးရာမှာ ကရင်ပြည်နယ်မှဝေဒနာရှင်ပေါင်း(၁၂၅)ဦးနဲ့  မွန်ပြည်နယ်မှဝေဒနာရှင်ပေါင်း(၁၂၅)ဦး စုစုပေါင်း မျက်စိဝေဒနာရှင် (၂၅၀)ဦးကို အခမဲ့ခွဲစိတ်ကုသပေးခဲ့တာပါ။ဒီလို ကုသပေးရာမှာ နိုဝင်ဘာလ(၈)ရက်မှ(၁၀)ရက်အထိ ခွဲစိတ်ကုသမှုတွေပြုလုပ်ပေးခဲ့တာဖြစ်ပြီး နိုဝင်လာလ(၁၁)ရက်မှာတော့ ပတ်တီးဖြည်ခြင်း ကိုပြုလုပ်ပေးခဲ့ တာဖြစ်ပါတယ်။SCG အနေနဲ့ အခုလို အခမဲ့မျက်စိခွဲစိတ်ကုသပေးမှုကို (၂၀၁၅)ခုနှစ်ကစတင်လုပ်ဆောင်ခဲ့ရာမှာ(၂၀၁၅)ခုနှစ်မှာ မျက်စိဝေဒနာရှင်(၂၀၆)ဦး၊ (၂၀၁၆)ခုနှစ်မှာတော့  မျက်စိဝေဒနာရှင်(၂၀၇)ဦး၊ (၂၀၁၇)ခုနှစ်မှာ မျက်စိဝေဒနာရှင်(၂၀၉)ဦးနဲ့ အခု(၂၀၁၈)ခုနှစ်မှာတော့  မျက်စိဝေဒနာရှင်(၂၅၀)ဦး စုစုပေါင်း မျက်စိဝေဒနာရှင်(၈၇၂)ဦးကို အခမဲ့ကုသပေးခဲ့တာဖြစ်ပါတယ်။

 

 

Related News