အခုနောက်ပိုင်းမှာ အိမ်မွေးတိရစ္ဆာန်အဖြစ် ထူးထူးခြားခြား အများဆုံးမွေးမြူလာကြတာကတော့ မြွေဖြစ်ပါတယ်။ မြွေအမျိုးအစား အမျိုးမျိုးကို မွေးမြူလာကြပြီး မြွေတွေရဲ့ကျန်းမာရေးကိုပါ အလေးထားဆောင်ရွက်ကြတယ်လို့ သိရပါတယ်။ ကိုတေဇယုကြည်ကတော့ မြွေတွေကို စုဆောင်းရတာ ၀ါသနာပါသူတစ်ဦးပါ။ မြွေအမျိုးအစုံ အကောင်ရေနှစ်ဆယ်ကျော်ကို မွေးမြူထား ပြီး မြွေတွေရဲ့ ကျန်းမာရေးကိုပါ ဂရုတစ်စိုက်စောင့်ရှောက်ပေးရတယ်လို့ပြောပါတယ်။ တခြားအိမ်မွေးတိရစ္ဆာန်ဖြစ်တဲ့ ခွေးကြောင်တွေကို ကုသပေးတဲ့ဆေးခန်းတွေရှိပေမယ့် မြွေနေမကောင်း ဖြစ်ရင်တော့ ကိုယ်တိုင်ဘဲ ကုသပေးရတယ်လို့ သိရပါတယ်။ ဒီလိုကုသနိုင်ဖို့ အင်တာနက်ကနေ လေ့လာတာတွေ တခြားနီးစပ်ရာကို မေးမြန်းရတာတွေရှိတယ်လို့ မြွေမွေးထားသူကို တေဇယုကြည်ကပြောပါတယ်။

ကိုသွန်းပိုင်ကလဲ မြွေမွေးရတာဝါသနာပါသူတစ်ဦးပါ။ ပထမဆုံးမွေးတာဖြစ်တဲ့အတွက် ကိုယ်နဲ့အဆင်ပြေမယ့် မြွေအမျိုးအစား စောင့်ရှောက်ရ တာလွယ်ကူတဲ့ မြွေအမျိုးအစားကို ရွေးချယ်မွေးမြူခဲ့တယ်လို့ဆိုပါတယ်။ မြွေမွေးရတာဟာ တခြားအိမ်မွေး တိရစ္ဆာန်တွေ လို အလုပ်မရှုပ်တဲ့အတွက် ပိုကြိုက်နှစ်သက်တယ်လို့ ကိုသွန်းပိုင်က ပြောပါတယ်။အခုနောက်ပိုင်း လူငယ်တွေကြားထဲမှာ အိမ်မွေးတိရစ္ဆာန်ကို ထူးထူးခြားခြားသတ္တ၀ါတွေကို မွေးမြူလာကြတာဟာ သိပ်မထူးဆန်းတော့ ပါဘူး။ မြွေအပြင် ပုတ်သင်ညိုမျိုးနွယ်ဝင်အမျိုးအစား အီဂွားနားလိုအကောင်တွေကိုလဲ စိတ်ဝင်စားစွာ မွေးမြူလာကြတာကိုတွေ့ရပါ တယ်။

 

Related News