" Forever Group အနေနဲ့ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ (၁၄)ရက်မှ (၂၀)ရက်အထိ Forever Group Green Week ဆိုတဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပေးလှုံ့ဆော်မှုများကို စီစဉ်တင်ဆက်ပေးမယ့် ရက်သတ္တပတ်အဖြစ် သတ်မှတ်ထားပါတယ်။ Forever Group Green Week ပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ ကျွန်ုပ်တို့ချစ်တဲ့ မြန်မာနိုင်ငံနဲ့ ကမ္ဘာမြေကြီး လှပသန့်ရှင်းစေဖို့အတွက် အမှိုက်များစနစ်တကျ စွန့်ပစ်ဖို့နဲ့ တစ်ခါသုံး ပလတ်စတစ်များ သုံးစွဲမှုလျှော့ချရေးကို အတူတကွပါဝင်လုပ်ဆောင်ရန်အတွက် တိုက်တွန်း လှုံ့ဆော်သော Campaign ပဲဖြစ်ပါတယ်။ ဒီနေ့မှာတော့လှိုင်သာယာမြို့နယ်အတွင်းရှိ ကမ်ပိန်းပြုလုပ်ဖို့ ကျန်ရှိနေတဲ့  အခြေခံပညာအထက်တန်းကျောင်းတွေကို လာမည့်နှစ်ပညာသင်နှစ်အတွင်း ကမ်ပိန်း ထပ်မံပြုလုပ်ပေးမယ်။

ရန်ကုန်မြို့တွင်း အမှိုက်လျှော့ချရေးအတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနဲ့ Clean Yangon အဖွဲ့က  (၂၀၁၇)ခုနှစ်က စတင်ပြီး (၁)လတစ်ကြိမ် မတူညီတဲ့  နေရာတွေမှာ အမှိုက်ကောက်ကမ်ပိန်းတွေကို ပြုလုပ်နေတာဖြစ်ပါတယ်။ ဒီလို တစ်လတစ်ကြိမ် ပြုလုပ်တာက ပြည်သူတွေကို အသိပညာပေးဖို့လုပ်ဆောင်တာဖြစ်ပြီး ကျောင်းတွေက ကျောင်းသားကျောင်းသူတွေကို  စည်းကမ်းတကျ အမှိုက်စွန့်ပစ်ဖို့ ငယ်စဉ်ကတည်းက သိရှိနားလည်ဖို့၊ ကျောင်းသားကျောင်းသူတွက တစ်ဆင့်  မိဘတွေအထိ အမှိုက်ကို စည်းစနစ်တကျ ခွဲခြားစွန့်ပစ်တာကို သိရှိလာစေဖို့ စွန့်ပစ်အမှိုက်ဆိုင်ရာ ကျောင်းအသိပညာပေးအစီအစဉ်ကို ပြုလုပ်တာဖြစ်တယ်လို့သိရပါတယ်။

မလှိုင်ဇာလွင်အနေနဲ့ Clean Yangon နဲ့ပူးပေါင်းပြီး ပလတ်စတစ်လျှော့ချဖို့အတွက် Recycle သင်တန်းတွေကိုလည်း အခမဲ့သင်ကြားပေး နေတာဖြစ်ပါတယ်။ ဒီလိုသင်ကြားပေးတာဟာ သုံးစွဲပြီးသား ပလတ်စတစ်တွေ စွန့်ပစ်အမှိုက်ပုံကို မရောက်ရှိအောင် ပြန်လည်တီထွင်နိုင်ပုံကို သိရှိစေလိုတဲ့ရည်ရွယ်ချက်နဲ့ သင်ကြားပေးနေတာ ဖြစ်ပါတယ်။

Clean Yangon  အနေနဲ့ 2018-2019 ပညာသင်နှစ်အတွင်း လှိုင်သာယာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းသား ကျောင်းသူ စုစုပေါင်း 60794 ဦးကို  စွန့်ပစ်အမှိုက်ဆိုင်ရာသင်တန်းပေးခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန်မြို့မှာ လက်ရှိ ကျောင်းသားဦးရေ (၂)သိန်းကျော်ရှိနေပြီး လှိုင်သာယာမြို့နယ်က ကျောင်းသားဦးရေ တစ်သိန်းကျော်ရှိတာကြောင့် အခုလို အသိပညာပေးအစီအစဉ်တွေကို  လှိုင်သာယာမြို့နယ်က ကျောင်းတွေမှာ အဓိကထား ပြုလုပ်ဖြစ်တာလို့သိရပါတယ်။

 

 

Related News