Tetra Pak ရဲ့ UHT နည်းပညာနဲ့ ထုပ်ပိုးထုတ်လုပ်ထားတဲ့ နို့နှင့်နို့ထွက်ပစ္စည်းများအကြောင်းပညာပေးဆွေးနွေးပွဲကို ဖေဖော်ဝါရီလ(၂၄)ရက်က ပြည်သူ့ရင်ပြင်ရှိ Myanmar Culture Valley မှာပြုလုပ်ခဲ့ပါတယ်။ စားသောက်ကုန်ထုတ်လုပ်ရေးဆိုင်ရာနည်းပညာနဲ့ ထုတ်လုပ် ထုပ်ပိုးရေးဝန်ဆောင်မှုလုပ်ငန်းဖြစ်တဲ့ Tetra Pak ရဲ့ UHT နည်းပညာနဲ့ ထုပ်ပိုးထုတ်လုပ်ထားတဲ့ နို့နှင့်နို့ထွက်ပစ္စည်းများရဲ့ အကျိုးကျေးဇူးများကို စားသုံးသူတွေသိရှိစေဖို့အတွက်ရည်ရွယ်ပြီး ပြုလုပ်တာလို့သိရပါတယ်။ UHT နည်းပညာကတော့ အချိန်တိုအတွင်းမှာ အမြင့်ဆုံးအပူချိန်နဲ့ ဖြတ်သန်းထားတာဖြစ်ပြီး UHT နည်းပညာနဲ့ ထုပ်ပိုးထုတ်လုပ်ထားတဲ့ နို့နဲ့ နို့ထွက် ထုတ်ကုန်တွေဟာ တာရှည်ခံနည်းပညာတွေမလိုအပ်ဘဲ လပေါင်းများစွာ အထားခံတယ်လို့သိရပါတယ်။

အစားအသောက်တွေ ပုပ်သိုးခြင်းကြောင့် ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ ကပ်ပါးကောင်တွေဟာ အစားအသောက်တွေမှာ ကပ်တွယ်နိုင်ပြီး စားသုံးမိပါက ဖျားနာခြင်းကို ခံစားရနိုင်တယ်လို့ သိရပါတယ်။ ဒီိဆိုးကျိုးတွေဟာ အူလမ်းကြောင်းရောဂါများအပြင် ကလေးငယ်တွေရဲ့ဖွံ့ဖြိုးကြီးထွားနှုန်းကိုပါရေရှည်မှာထိခိုက်လာနိုင်တယ်လို့ အာဟာရပညာရှင် ဒေါက်တာဝင်းဝင်းမြင့် ကပြောပါတယ်။

Tetra Pak ရဲ့ UHT နည်းပညာနဲ့ ထုပ်ပိုးထုတ်လုပ်ထားတဲ့ နို့နှင့်နို့ထွက်ပစ္စည်းများအကြောင်းပညာပေးဆွေးနွေးပွဲကို လာရောက်နားထောင်ဖြစ်တဲ့သူတွေကတော့ UHT နည်းပညာအကြောင်းတွေ၊ နို့နဲ့နို့ထွက်ပစ္စည်း ထုတ်ကုန်တွေ ၀ယ်ရင် ကြည့်ရူရမယ့်အမှတ်အသားတွေကို သိရှိခဲ့ရတယ်လို့ပြောပါတယ်။

Tetra Pak ရဲ့ UHT နည်းပညာနဲ့ ထုပ်ပိုးထုတ်လုပ်ထားတဲ့ နို့နှင့်နို့ထွက်ပစ္စည်းများ အကြောင်းပညာပေး ဆွေနွေးပွဲအပြင် ကလေးတွေအတွက် ဂိမ်းအစီအစဉ်များ၊ ဖျော်ဖြေပွဲများနဲ့ မိသားစုများပါဝင်ယှဉ်ပြိုင်ကြမယ့် အစီအစဉ်တွေလည်းပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

 

 

Related News