နွေးထွေးဂေဟာက အမြင်အာရုံတစ်ဖက်ပျက်စီးနေသူတွေအတွက် မျက်စိအတုပြုလုပ်တဲ့ ပညာရပ်နဲ့ လှပတဲ့ ဘ၀များဆီလျှောက်လှမ်းနိုင်ဖို့အတွက်  ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။နွေးထွေးဂေဟာ က အမှတ်(၄၉) (က)၊မိုးကောင်းလမ်း၊ရန်ကင်းမြို့နယ်မှာရှိတာဖြစ်ပြီး မျက်နှာအစိတ်အပိုင်းနဲ့ မျက်စိအတုပညာရှင် ဆရာဦးမြင့်ဆွေ ဖွင့်လှစ်ထားတာဖြစ်ပါတယ်။ဒီဂေဟာမှော အမြင်အာရုံတစ်ဖက်ပျက်စီးနေသူတွေအတွက် မျက်စိအတုများပြုလုပ်ကာ ကုသပေးနေတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ဆရာဦးမြင့်ဆွေက ၁၉၇၇ ခုနှစ် ကစပြီး မျက်စိအတုပြုလုပ်တဲ့ပညာရပ်နဲ့  အမြင်အာရုံတစ်ဖက်ပျက်စီးနေတွေကို ကုသပေးခဲ့ဖြစ်ပြီး လက်ရှိအချိန်မှာတော့ ကျန်းမာရေးအခြေအနေကြောင့် အနားယူကာ သားဖြစ်သူက ပညာအမွေယူပြီး ဆက်လက်ကုသပေးနေတာပါ။နွေးထွေးဂေဟာကို မွေးရာပါအမြင်အာရုံပျက်စီးနေတဲ့သူတွေ နဲ့ မတော်တဆမှုတစ်ခုခုကြောင့် အမြင်အာရုံချို့ယွင်းခဲ့သူတွေက မျက်စိအတုများ တပ်ဆင်ဖို့အတွက် အများဆုံးလာရောက် ကုသကြတယ်လို့သိရပါတယ်။

မျက်စိအတုပြုလုပ်တာက အကောင်းတိုင်းကျန်ရှိနေသေးတဲ့ တစ်ဖက်နဲ့ မျက်ကြော၊မျက်ဆံ၊မျက်လုံးအရောင်က အစပုံစံတူအောင် အတုပြုလုပ်ပေးပြီး တပ်ဆင်ပေးတာဖြစ်ပါတယ်။ဒီလိုမျက်စိအတုတစ်ခါပြုလုပ်ဖို့အတွက် (၅)ရက်အထိ  အချိန်ယူရပြီး ဒီကုသမှုက ခွဲစိတ်ကုသမှုမဟုတ်တာကြောင့် နာကျင်မှုဝေဒနာတွေမရှိဘူးလို့ မျက်စိအတုပညာရှင် ကိုဝေယံလင်း ကပြောပါတယ်။ရေးမြို့နယ်၊ဇီးဖြူတောင်ကျေးရွာမှာနေထိုင်တဲ့  ဦးသက်လွင်ကတော့ အမြင်အာရုံတစ်ဖက်ပျက်စီးခဲ့သူတွေထဲ  တစ်ဦးအပါအ၀င်ဖြစ်ပြီး လုပ်ကြံခံရမှုတစ်ခုကြောင့် အမြင်အာရုံတစ်ဖက်ပျက်စီးခဲ့တာပါ။လက်ရှိမှာတော့ သူ့အနေနဲ့ နွေးထွေးဂေဟာမှာ မျက်စိအတုလာရောက်ပြုလုပ်ပြီး ကုသမှုခံယူနေတာဖြစ်ပါတယ်။နွေးထွေးဂေဟာကို နေ့စဉ် မနက်(၉)နာရီမှ နေ့လယ်(၁)နာရီအထိဖွင့်လှစ်ကုသပေးနေတာဖြစ်ပြီး  မျက်လုံးအတုတစ်လုံးတပ်ဆင်မှုကို အပြီးအစီး ငွေကျပ်(၂သိန်း၅သောင်း)နဲ့ ကုသနိုင်တယ်လို့သိရပါတယ်။ဒါ့အပြင် ဒီဂေဟာမှာ နားရွက်မရှိသူတွေ၊ နှာခေါင်းပုံစံပျက်စီးနေသူတွေ၊ ခြေချောင်း၊လက်ချောင်း ချို့ယွင်းနေသူတွေ အတွက်ပါ အတုများပြုလုပ်ပြီး ကုသပေးနေတာဖြစ်ပါတယ်။

 

 

Related News