အခုနှစ်အတွက်ပြည်တွင်းရဲ့ အပူချိန်က ဖေဖော်ဝါရီလကုန်မှ စပြီးမြင့်တက်တယ်လို့ သိရပြီး လက်ရှိမှာတော့ အပူချိန်(၄၀)ံC  အထိမြင့်တက်နေလာမှာဖြစ်တာကြောင့် Heat Stroke (အပူရှုပ်)တာမျိုး ဖြစ်ပွားနိုင်ပြီး သေဆုံးသည်အထိဖြစ်နိုင်တယ်လို့ သိရပါတယ်။ နေပူထဲကနေ အအေးထဲကိုရုတ်ချည်းဝင်ရောက်ခြင်း၊ ရေအေးသောက်ခြင်း၊ ရေချိုးခြင်း၊ အအေးခန်းတွင်းကနေရုတ်တရက်ပူပြင်းတဲ့ နေရောင်ထဲကို ထွက်ခြင်းတွေကြောင့် လူ့ခန္ဓာကိုယ်မှာ အပူအအေးရုတ်တရက်ပြင်းထန်စွာ ပြောင်းလဲမှုဖြစ်စဉ်ဖြစ်ပေါ်ပြီး  Heat Stroke မြန်မာလို ( အပူရှပ်ခြင်း ) ဖြစ်ပေါ်စေတယ်လို့ သိရပါတယ်။ Heat Stroke ဖြစ်ပြီဆိုရင် အပူအအေးရုတ်ချည်းပြောင်းလဲတဲ့အတွက် ခန္ဓာကိုယ်ထဲမှာရှိတဲ့သွေးကြောတွေဟာပူလို့ကျယ်တဲ့ဒဏ်၊အေးလို့ကျုံ့တဲ့ဒဏ်တွေကြောင့်သွေးစီးကြောင်း အကျဉ်းအကျယ်ဖြစ်တဲ့ဒဏ်ကိုမခံနိုင်တော့ပဲသွေးကြောကြီးတွေဆိုအက်ကွဲလာပြီး၊သွေးကြောငယ်လေးတွေဆို ပြတ်ထွက်တာတွေဖြစ်နိုင်တာကြောင့် သတိနဲ့နေထိုင်သင့်တယ်လို့ အရေပြားဆရာဝန် ဒေါက်တာနိုင်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ မတ်လ(၁)ရက် ကနေ ဧပြီလ(၁၅)ရက်အထိ (၄၅)ရက်ကို  နွေရာသီအဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။ ပြင်းထန်လာတဲ့ ရာသီဥတုကြောင့် အပူချိန်မြင့်တက်လာခြင်း၊ အချိန်ကြာကြာအပူချိန်မြင့်မားခြင်း၊ လေထဲကရေငွေ့ကြောင့် ခန္ဓာကိုယ်အပူချိန်တိုးလာခြင်း၊ ခရမ်းလွန်ရောင်ခြည်မြင့်မားလာခြင်းစတဲ့  အပူဒဏ်(၄)မျိုးကို ခံစားရမယ်လို့ သိရပါတယ်။ ဒီလိုခံစားရမယ့် အပူချိန်တွေကြောင့်လည်း လေဖြတ်ခြင်း၊အရေးပြားကင်ဆာဖြစ်ခြင်း၊ဦးနှောက်သွေးကြောပျက်ခြင်း နဲ့ အမြင်အာရုံပျက်စီးခြင်းတွေဖြစ်ပေါ်စေနိုင်တာကြောင့် သတိပြုနေထိုင်ရမှာတွေကို အရေပြားဆရာဝန် ဒေါက်တာနိုင်က အခုလိုအကြံပြုထားပါတယ်။

Heat Stroke မဖြစ်အောင်ကာကွယ်ဖို့ဆိုရင် နေပြင်းချိန်အပြင်မထွက်ပါနှင့်၊မလွဲသာလို့ထွက်ရမယ် ဆိုရင်လည်း အဆောင်း၊ အကာ၊ ထီး၊ ဦးထုပ်ပါရမယ်။ စောင့်ဆိုင်းရသောအလုပ်ဖြစ်လျင် သစ်ပင်အရိပ်၊အမိုးအကာအောက်မှ စောင့်ပါ။ရေသောက်လျင်ရိုးရိုးရေ သောက်ပါ။ ရေခဲရေမသောက်တာတွေနဲ့အဲကွန်းကားစီးပြီး၊နေပူရှိန်ပြင်းသော နေရာတွင်ဆင်းရမည်ဆိုလျင်မဆင်းမီက ကြိုတင်ရေသောက်ထားတာတွေအပြင် ပြည်သူတွေကလည်း နေပူဒဏ်ကို လိုက်နာတာတွေလုပ်ဆောင်နေတယ်လို့ မယွန်းမီမီနဲ့ ကိုဇော်အောင် တို့ က ပြောပါတယ်။

ယခုနှစ်နွေရာသီဟာ ဖေဖော်ဝါရီလအလယ်ထဲက နေ့အပူချိန်စမြင့်လာခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ၊မန္တလေး တိုင်းဒေသကြီး ၊ရခိုင်ပြည်နယ်၊စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး ၊ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး ၊ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် တိုမှာ (၄၀)ဒီဂရီအထက်ကို ရောက်ရှိနေတယ် လို့သိရပါတယ်။

 

 

Related News