သားအိမ်ခေါင်းကင်ဆာက ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ရောဂါအမျိုးအစားဖြစ်တာကြောင့် ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်နိုင်ပေမယ့်လည်း ပြည်တွင်းမှာ ဒုတိယအဖြစ်အများဆုံး ကင်ဆာရောဂါတစ်ခုဖြစ်နေတယ်လို့သိရပါတယ်။ သားအိမ်ခေါင်းကင်ဆာရောဂါက လူမှာကြွက်နို့ဖြစ်စေတဲ့ ဗိုင်းရပ်စ်တစ်မျိုးကြောင့်ဖြစ်တယ်လို့ (၂၀၀၈)ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ သုတေသန တွေ့ရှိချက်တွေအရသိရတာဖြစ်ပါတယ်။အဲ့ဒီနောက်မှာတော့ သားအိမ်ခေါင်းကင်ဆာအများစုမှာ (၈၀)%ခန့် တွေ့ရှိရတဲ့ ဗိုင်းရပ်စ်ပိုးမွှားတွေအတွက် ကြိုတင်ကာကွယ်နိုင်တဲ့ ကာကွယ်ဆေးတွေဖော်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။

သားအိမ်ခေါင်းကင်ဆာက အရွယ်မတိုင်ခင်အိမ်ထောင်ကျသူတွေ၊ အိမ်ထောင်ဆက်များသူတွေ၊ ကိုယ်ခံအားနည်းသူတွေ နဲ့ ဆေးလိပ်သောက်သူတွေမှာ ပိုမိုအဖြစ်များတယ်လို့သိရပါတယ်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ရဲ့ခန့်မှန်းချက်အရ ပြည်တွင်းမှာ ရင်သားကင်ဆာပြီးရင် သားအိမ်ခေါင်းကင်ဆာက ဒုတိယအဖြစ်အများဆုံးနဲ့ အသေပျောက်အများဆုံး ကင်ဆာဖြစ်တယ်လို့သိရပြီး   အဆိုပါရောဂါက နှစ်စဉ်အမျိုးသမီး(၅၀၀၀)ကျော် ဖြစ်ပွားနေပြီး (၃၀၀၀)နီးပါးက ဒီရောဂါနဲ့သေဆုံးနေတယ်လို့ (၂၀၁၄)ခုနှစ်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ခန့်မှန့်ထားတာဖြစ်ပါတယ်။သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးကိုတော့ အသက်(၉)နှစ်ကနေ (၁၃)နှစ်အတွင်း စတင်ထိုးနှံထားသင့်ပြီး အိမ်ထောင်မရှိသေးတဲ့ အမျိုးသမီးတွေအနေနဲ့တော့ အသက်(၂၄)နှစ်အထိ ကာကွယ်ထိုးနှံသင့်တယ်လို့ သိရပါတယ်။

 

 

Related News