Flexible Pass ကဦးစီးပြီးပထမဦးဆုံး ကျန်းမာရေးနဲ့အားကစားအက်ပလီကေးရှင်းမိတ်ဆက်ပွဲကိုဧပြီလ (၃) ရက်က ရန်ကုန်မြို့ Fit way Gyms မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ပြည်တွင်းမှာနေထိုင်တဲ့ပြည်သူတွေကျန်းမာတဲ့လူနေမှုဘဝတည်ဆောက်နိုင်စေဖို့၊ ကျန်းမာခြင်းသည် လာဘ်တပါးဆိုသလို ကျန်းမာရေးကောင်းမှစီးပွားရေး ပညာရေး ဘာသာရေးတွေပါ လုပ်ဆောင်နိုင်မှာ ဖြစ်ပြီး ပျော်ရွင်တဲ့မိသားစုဘဝပိုင်ဆိုင်နိုင်စေဖို့ရည်ရွယ်ပြီးဒီ App ကို မိတ်ဆက်တာဖြစ်တယ်လို့ သိရပါတယ်။

ဒီအက်ပလီကေးရှင်းကိုအသုံးပြုခြင်းဖြင့်  Gyms / Fitness Centers တွေမှာ အကန့်အသတ်မရှိ ဝင်ရောက် ကစားနိုင်စေရန် ဝန်ဆောင်မှုပေးလျက်ရှိတဲ့  Mobile Application တစ်ခုဖြစ်သည်။ iOS Android Version ၂ မျိုးစလုံးမှာ ရရှိနိုင်ပြီး Fitness Class နှင့် အခြားအားကစားနည်း အမျိုးအစားပေါင်း အခု ၂၀ ကျော်ကို ဈေးနှုန်း ချိုသာစွာဖြင့် ဝင်ရောက်ကစားနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ကျန်းမာရေးနဲ့အားကစားအက်ပလီကေးရှင်းကို၂၀၁၇ ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပြီးရန်ကုန်အပြင် မန္တလေးမှာပါအသုံးပြုနေပြီဖြစ်တယ်လို့ သိရပါတယ်။ 

 

 

 

Related News