စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်ရှိသူတွေကို အနုပညာကုထုံးနဲ့ အခမဲ့ကုသပေးနေတဲ့နေရာကတော့ မြောက်ဒဂုံမြို့န ယ်(4 4)ရပ်ကွက် ဘုရင့်နောင်လမ်းမကြီးပေါ်မှာ ဖွင့်လှစ်ထားပြီး အခန်းလို့ အမည်ပေးထားပါတယ်။ ဒီအခန်းမှာတော့ စိတ်နာကျင်မှုဝေဒနာခံစားရသူတွေ စိတ်ကျရောဂါခံစားရသူတွေ အစရှိတဲ့ စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်ရှိသူတွေကို အနုပညာကုထုံးနဲ့ ကုသပေးနေတာပါ။ဒေါက်တာအောင်မင်းနဲ့ ဒေါက်တာစန်းစန်းဦးတို့ဇနီးမောင်နှံတည်ထောင်ဖွင့်လှစ်ထားတဲ့ အခန်းလို့ အမည်ပေးထားတဲ့ ဒီနေရာလေးကတော့ စိတ်ကျန်းမာရေးချို့တဲ့သူတွေ စိတ်နာကျင်မှုဝေဒနာခံစားနေရသူတွေ စိတ်ကျရောဂါခံစားနေရသူတွေ အစရှိတဲ့ စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်ရှိသူတွေကို Art Therapy လို့ခေါ်တဲ့ အနုပညာကုထုံးနဲ့ အခမဲ့ကုသမှုပေးနေတာပါ။

အနုညာဆိုတာ လူသားအားလုံးနဲ့ သက်ဆိုင်ပြီး သက်ဝင်ခံစားနိုင်တာကြောင့် အနုပညာကုထုံးနဲ့ ကုသဖို့ (2015)ခုနှစ်က စတင်ဖွင့်လှစ်ခဲ့တာဖြစ်တယ်လို့ ဒေါက်တာအောင်မင်းက ပြောပါတယ်။စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်ရှိသူတွေအနေနဲ့ စိတ်ကိုတည်ငြိမ်အောင် စိတ်ကိုထိန်းချုပ်နိုင်အောင် အနုပညာရပ်တစ်ခုဖြစ်တဲ့ ပန်းချီဆွဲခြင်းနည်းလမ်းနဲ့ ကုသပေးနေတာပါ။ ပန်းချီဆွဲတတ်မှ ဒီကုသမှုကို ခံယူနိုင်တာမျိုးမဟုတ်ဘဲ ပန်းချီမဆွဲတတ်လည်း ဒီအနုညာကုထုံးကို ခံယူနိုင်တယ်လို့ ဒေါက်တာစန်းစန်းဦးက ပြောပါတယ်။

ပန်းချီဆွဲတာဟာ အလုပ်တစ်ခုတည်းပေါ်မှာဘဲ အာရုံစူးစိုက်ထားရတဲ့အတွက် အခြားကို စိတ်ပြန့်လွင့်မှုမရှိဘဲ စိတ်တည်ငြိမ်စေတယ်လို့ အနုပညာကုထုံးကို ခံယူခဲ့တဲ့ ကိုညိုမင်းဝင်းက အခုလို ပြောပါတယ်။ အခန်းလို့ အမည်ပေးထားတဲ့ ဒီနေရာလေးမှာ အနုညာကုထုံးနဲ့ ကုသမှုအပြင် စိတ်ခံစားချက်တွေကို ပြောပြဆွေးနွေးလို့ရမယ့် အကြံပေးစကားဝိုင်းတွေကိုလဲ ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။  စိတ်ဝင်စားလို့ ဆက်သွယ်ချင်တယ်ဆိုရင်တော့ ဖုန်းနံပါတ် 09262550937၊ 09254063341 ကိုဆက်သွယ်မေးမြန်းတက်ရောက်နိုင်မှာဖြစ်ပါတယ်။

 

 

Related News