ဆီးချိုနှင့်ဟော်မုန်းဆိုင်ရာ ပညာပေးဟောပြောပွဲကို မေလ(၂၆)ရက်က ရန်ကုန်မြို့ ၊ Grand Hantha International  Hospital မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဆီးချိုရောဂါဝေဒနာရှင်တွေနဲ့ လူနာရှင်များကို ဆီးချိုရောဂါနဲ့ပတ်သက်ပြီး နားလည်စေရန်၊ဆီးချိုရောဂါဖြစ်ပွား ဖြစ်ပေါ်လာပါက  ဆောင်ရန်၊ရှောင်ရန်တွေကိုသိရှိစေဖို့အတွက် ရည်ရွယ်ပြုလုပ်တာဖြစ်တယ်လို့ သိရပါတယ်။ဟောပြောပွဲမှာတော့  ဓာတုနှင့်ဇီဝဖြစ်စဉ်ဆိုင်ရာဆေးပညာသမားတော်ကြီး ဒေါက်တာသင်းသင်းလှိုင်က  ဆီးချိုနှင့်ဟော်မုန်းဆိုင်ရာ ကျန်းမာရေးအကြောင်းအရာများ ဟောပြောခဲ့တာဖြစ်ပြီး ဒီဟောပြောပွဲကိုတော့ Grand Hantha International Hospitalမှာ တက်ရောက်နေတဲ့ လူနာများ ၊ ဆရာဝန်များ နဲ့  ဆီးချိုဝေဒနာရှင်များ စုစုပေါင်းအယောက်(၁၀၀)ကျော် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။အခုပြုလုပ်ခဲ့တဲ့ ဟောပြောပွဲကို Grand Hantha International Hospital ကဦးစီးကျင်းပပြုလုပ်တာဖြစ်ပြီး  မြန်မာနိုင်ငံဆီးချိုအသင်းနဲ့ ပူးပေါင်းကျင်းပပြုလုပ်တာဖြစ်ပါတယ်။

 

 

 

 

Related News