၂၀၁၆ခုနှစ် နောက်ပိုင်းမှစပြီး ပြည်တွင်းမှာဆီးချိုဖြစ်ပွားမှုနှုန်းပိုမိုများပြားလာတယ်လို့ မေလ(၂၆)ရက်က ရန်ကုန်မြို့ Grand Hantha International Hospital မှာကျင်းပခဲ့တဲ့ ဆီးချိုနဲ့ဟော်မုန်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲမှ သိရပါတယ်။ဆီးချိုရောဂါဟာအမျိုးအစား(၂)မျိုးရှိတာဖြစ်ပြီး အမျိုးအစား(၁)မှာတော့ (၁၀)ကျော်သက်တွေမှာ ဖြစ်ပွားလေ့ရှိပြီး  ၊ အမျိုးအစား(၂)မှာတော့ အသက်(၄၀)ကျော်သူတွေမှာ အဖြစ်များတယ်လို့သိရပါတယ်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ စစ်တမ်းကောက်နုတ်ချက်တွေအရ  (၁၉၆၀)ခုနှစ်ကတည်းက  ကမ္ဘာ့တစ်ဝှမ်းမှာဆီးချိုရောဂါပိုအဖြစ်များလာတယ်လို့ သိရပါတယ်။၂၀၁၄ခုနှစ် စစ်တမ်းတွေအရ ကမ္ဘာ့တစ်ဝှမ်းမှာ ဆီးချိုဝေဒနာရှင် သန်း(၄၄၀)ကျော်ရှိတာဖြစ်ပြီး အရှေ့တောင်အာရှနိုင်ငံတွေမှာ ပိုအဖြစ်များလာတယ်လို့ သိရပါတယ်။ ဆီးချိုရောဂါဖြစ်ပွားပါက အ၀လွန်ခြင်း ၊ မျိုးရိုးအလိုက်ဆီးချိုရှိခြင်း၊ဆီးအလွန်သွားခြင်း၊ကိုယ်အလေးချိန်လျော့နည်းခြင်း ၊ရေငတ်ခြင်း စတဲ့ ရောဂါလက္ခဏာတွေပြတက်ပြီး (၁၀)ကျော်သက်တွေမှာ ဖြစ်ပွားမှုကတော့ အချိုဓာတ်များပြားမှုကြောင့် ဟော်မုန်းဆိုင်ရာ ရောဂါများ ဖြစ်ပွားတက်တယ်လို့ သိရပါတယ်။

ပြည်တွင်းမှာတော့ ၂၀၁၆ခုနှစ်နောက်ပိုင်းမှာ ဆိးချိုရောဂါဖြစ်ပွားမှုနှုန်းက ပိုမိုများလာတယ်လို့သိရပြီး တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ (၈)ရာခိုင်နှုန်းအထိဖြစ်ပွားလာတယ်လို့ ပြောပါတယ်။ဒီလိုဆီးချိုရောဂါဖြစ်ပွားလာရင် နောက်ဆက်တွဲ ရောဂါတွေအနေနဲ့ မျက်လုံးသွေးကြော ပေါက်ခြင်း၊ နှလုံးသွေးကြောပိတ်ခြင်း နဲ့ ကျောက်ကပ်စတဲ့ ရောဂါတွေလည်းဖြစ်ပွားနိုင်တယ်လို့သိရပါတယ်။ဆီးချိုရောဂါဖြစ်ပွားမှုကို အစားအသောက်၊ အနေအထိုင်၊ ကိုယ်အလေးချိန်ကို ပြုပြင်ထိန်းသိမ်းပြီးလည်း ကြိုတင်ကာကွယ်လို့ရတယ်လို့ ဓာတုနှင့်ဇီဝဖြစ်စဉ်ဆိုင်ရာ ဆေးပညာသမားတော်ကြီး ဒေါက်တာသင်းသင်းလှိုင်က အခုလိုပြောပါတယ်။ဆီးချိုရောဂါဖြစ်ပွားရတဲ့အမျိုးအစား(၂)မျိုးထဲမှ ပြည်တွင်းမှာတော့ အသက်(၄၀)နောက်ပိုင်းဖြစ်ပွားမှုနှုန်းက ပိုမိုများပြားနေတယ်လို့သိရပါတယ်။

 

 

Related News