လှိုင်သာယာမြို့နယ်မှာ ပြီးခဲ့တဲ့ ဇွန်လအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူဦးရေ မြင့်တက်ခဲ့တယ်လို့ လှိုင်သာယာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။လှိုင်သာယာမြို့နယ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလကနေ ဇူလိုင်လ(၉)ရက်အထိ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူဦးရေ ၁၆၀ ကျော်ရှိနေတယ်လို့ သိရပါတယ်။ ဇန်နဝါရီလကနေ မေလကုန်အထိ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူဦးရေ ၇၇ ဦးရှိခဲ့ပါတယ်။ မိုးကာလရောက်လာတဲ့ ဇွန်လမှာတော့ တစ်လလုံးမှာ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၇၈ ဦး အထိ မြင့်တက်ခဲ့ပါတယ်။ ဒါက ပထမငါးလမှာ သွေးလွန်တုပ်ကွေးဖြစ်ပွားခဲ့တဲ့သူ ဦးရေ အတိုင်းအတာနဲ့ ဇွန်လ တစ်လတည်းမှာပဲ ဖြစ်ပွားခဲ့တာပါ။

ဒါကြောင့် ခြင်ကျားပိုးလောက်လန်းနှိမ်နှင်းရေးလုပ်ငန်းတွေကို ကွင်းဆင်းဆောင်ရွက်နေပြီး ဒီလို လုပ်ငန်းတွေမှာ ပြည်သူတွေပူးပေါင်းပါဝင်ဖို့ အရေးကြီးတယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက တိုက်တွန်းထားပါတယ်။ပြီးခဲ့တဲ့ မတ်လမှာ သွေးလွန်တုပ်ကွေးရောဂါကြောင့် လှိုင်သာယာမြို့နယ် ညောင်ရွှေကျေးရွာအုပ်စုမှာ အသက်တစ်နှစ်ကိုးလအရွယ်ကလေးတစ်ဦးသေဆုံးခဲ့ပြီး လှိုင်သာယာမှာ သွေးလွန်တုပ်ကွေးဖြစ်ပွားသူဦးရေ ၁၆၀ ကျော်သွားပြီဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးမှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားနေသူဦးရေ တစ်ထောင်ကျော်သွားပြီဖြစ်ပြီး သေဆုံးသူ ဆယ်ဦးအထက်ရှိနေပါတယ်။

 

 

Related News