ရာသီတုပ်ကွေးရောဂါဖြစ်တဲ့ H1N1ရောဂါပိုးကူးစက်ခံရပြီး သေဆုံးသူတွေကို သယ်ဆောင်ပေးနေရတဲ့ နာရေးကူညီမှုအသင်း (ရန်ကုန်) က ပရဟိတလုပ်ဆောင်ပေးသူတွေအနေနဲ့ ဘယ်လိုကာကွယ်မှုတွေ လုပ်ဆောင်ပြီး ကူညီဆောင်ရွက်ကြတယ်ဆိုတာကို နာရေးကူညီမှုအသင်း(ရန်ကုန်)အနေနဲ့ ပရဟိတလုပ်ငန်း အမျိုးမျိုးကို လုပ်ဆောင်ပေးလျက်ရှိရာ အဲ့ဒီ့ထဲက သေဆုံးသူတွေကို ကူညီသယ်ဆောင်ပေးရတာကလည်း သူတို့လုပ်ငန်းစဉ်ထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။ လက်ရှိ ရာသီတုပ်ကွေးရောဂါဖြစ်တဲ့ H1N1ရောဂါပိုးကူးစက်ခံရပြီး သေဆုံးသူတွေကို သယ်ဆောင်ပေးတာ တွေကိုလည်း လုပ်ဆောင်နေပြီး သွားရောက် သယ်ဆောင် ရာမှာလည်း ကြိုတင်ပြင်ဆင်မှုတွေကိုလုပ်ဆောင် ရတယ်လို့ သိရပါတယ်။ သေဆုံးသူကို သွားရောက် သယ်ဆောင်ရာမှာတော့ ရောဂါကာကွယ်နိုင်တဲ့ Personal Protective Equipment (PPE) ဝတ်စုံကို အပြည့်အစုံပြင်ဆင် ဝတ်ဆင်ရတယ်လို့ နာရေးကူညီမှု အသင်း(ရန်ကုန်)မှ ပြန်ကြားရေးဌာနမှ ကြီးကြပ်ရေးမှူး ကိုဇော်ထွန်းမြတ်(ခ)G3 က ပြောပါတယ်။ ဝတ်စုံတွေကို အသုံးပြုရာမှာလည်း တစ်ခါသုံးဝတ်စုံကိုသာအသုံးပြုစေတယ်လို့ သိရပါတယ်။

သွားရောက်ကူညီ သယ်ဆောင်ပြီး ချိန်မှာတော့ ဝတ်ဆင်ထားတဲ့ ဝတ်စုံကို မီးသဂြိုလ်စက်ထဲထည့်ပြီး တစ်ခါတည်းလွှင့်ပစ်ခဲ့ကာ ရောဂါပိုးတွေကို မပြန့်ပွားအောင် ကာကွယ်ရတယ်လို့ ပြောပါတယ်။ ဒါ့အပြင် အသင်းကို ပြန်လည်ရောက်ရှိချိန်မှာလည်း တစ်ကိုယ်ရေသန့်ရှင်းရေးကို ဦးစားပေး လုပ်ဆောင်ရတယ်လို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ပြန်ကြားရေးဌာနမှ ကြီးကြပ်ရေးမှူး ကိုဇော်ထွန်းမြတ်(ခ)G3 က ပြောပါတယ်။ H1N1 ရာသီတုပ်ကွေးရောဂါကာကွယ်ဆေးထိုးဖို့ဆိုရင်တော့  လူအများနှင့်ထိတွေ့ဆက်ဆံရသောသူများ ဥပမာ ကျန်းမာရေး ဝန်ထမ်းများ၊ ပို့ဆောင်ဆက်သွယ်ရေး ဝန်ထမ်းများနှင့် ရောဂါကြီးသမားများ နှင့် တရိစ္ဆာန်များနှင့် ထိတွေ့နေရသူများ ထိုးသင့် တယ်လို့ သိရပါတယ်။

ပရဟိတလုပ်ဆောင်ပေးနေသူတွေကလည်း အခုလို သေဆုံးသူတွေကို သယ်ဆောင်ပေး နေရတာကြောင့် ကျန်းမာအောင်နေထိုင်ဖို့ကိုလည်း သမားတော်ကြီးဖြစ်တဲ့ ပါမောက္ခဒေါက်တာညွန့်သိန်းက အခုလိုပြောပြပေးမှာပါ။ဒါ့အပြင် ရှောင်ကြဉ်သင့်တာတွေက တော့ လူနေထူထပ်တဲ့နေရာတွေရှောင်ကြဉ်ဖို့၊ မဖြစ်မနေသွားရရင်လည်း mask တွေ ထပ်ထားကြဖို့လိုပါတယ်။ လက်ကနေတဆင့်လည်း ကူးစက်တာမို့ မကြာခန လက်ကို သေချာစွာ ဆေးကြောခြင်းများလည်း ပြုလုပ်ပေးသင့်ပါတယ်။ တုပ်ကွေးဖြစ်နေသူတွေကို ထိတွေ့ ကိုင်တွယ်တာမျိုး၊ နီးနီးကပ်ကပ်နေတာမျိုးလည်း ရှောင်သင့်ပါတယ်၊ မရှောင်နိုင်ရင်လည်း နှာခေါင်းစည်း၊ လက်အိတ်သုံးတာမျိုးတွေ ထိတွေ့မိတိုင်း လက်သေချာအောင်ဆေးကြောတာတွေ လုပ်ပေးဖို့ ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကလဲ ထုတ်ပြန်ထားပါတယ်။

 

 

Related News