Asia Society for Social Improvement and Sustainable Transformation (ASSIST)အဖွဲ့က မြန်မာနိုင်ငံမှာ food safety နည်းပညာနဲ့အသိပညာများပိုပြီးတိုးတက်စေဖို့အတွက် သီးနှံမှအစားအစာထုတ်လုပ်တဲ့အခန်းကဏ္ဍမှာအစားအစာလုံခြုံစိတ်ချရမှု အသိပညာမြှင့်တင်ခြင်းစီမံကိန်း (Aware Project) ဖြင့် အစားအသောက် အန္တရာယ်ကင်းရှင်းရေးစနစ်(HACCP)၊ကောင်းမွန်သောထုတ်လုပ်မှုကျင့်စဉ်(GMP)စနစ်တို့မှာ Certificate ရရှိတဲ့အထိဆောင်ရွက်ပေးနေတယ်လို့ ဇူလိုင်လ (၁၈) ရက်က မန္တလေးမြို့ Hotel Hazel မှာ ပြုလုပ်ခဲ့တဲ့ Aware Project Showcase ပွဲကသိရပါတယ်။မန္တလေးသတင်းအဖွဲ့မှ နေဇော်ဦးကတင်ဆက်ပေးပါမယ်။

Aware Project ဟာ မြန်မာနိုင်ငံမှာအစားအစာဘေးကင်းလုံခြုံမှု အသိပညာပေးတဲ့ အစီအစဉ်ဖြင့် အကောင်အထည်ဖော်ခဲ့တာ (၃) နှစ်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။ ဒီProjectကိုထိုင်းနိုင်ငံမှBureau Veritas (ဗျူရိုဗာရိတာ့စ်)အဖွဲ့နဲ့ဂျာမဏီနိုင်ငံကဖွံ့ဖြိုးမှုဘဏ်တစ်ခုဖြစ်တဲ့(DEG)အဖွဲ့တို့ကပံ့ပိုးပေးတာဖြစ်တယ်လို့သိရပါတယ။ဒီစီမံကိန်းကို အကောင်အထည်ဖော်ခဲ့တဲ့(၃)နှစ်အတွင်းမှာရန်ကုန်၊ မန္တလေး၊ရွှေဘို၊ပြင်ဦးလွင်နဲ့ တောင်ကြီးစတဲ့ဒေသတွေကဆန်စက်တွေ၊ ကော်ဖီစက်ရုံတွေနဲ့ လက်ဖက်စက်ရုံတွေကိုအဓိကဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။ဒီစီမံကိန်းရဲ့ရည်ရွယ်ချက်ကတော့ အစားအစာဘေးကင်းလုံခြုံမှုဆိုင်ရာအသိအမြင်မြှင့်တင်ပေးခြင်းဖြင့် စနစ်တကျဖွဲ့စည်းမှုနဲ့ကျယ်ပြန့်တဲ့အကျိုးသက်ရောက်မှုကိုဖန်တီးနိုင်ရန်ဖြစ်ပြီးသက်ဆိုင်ရာစံချိန်စံညွှန်းဖြစ်တဲ့ အစားအသောက်အန္တရာယ်ကင်းရှင်းရေးစနစ်(HACCP)၊ကောင်းမွန်သောထုတ်လုပ်မှုကျင့်စဉ်(GMP)တို့ကို မြန်မာနိုင်ငံစားသောက်ကုန် ပြင်ဆင်ထုတ်လုပ်တဲ့လုပ်ငန်းတွေမှာမိတ်ဆက်ထည့်သွင်းပေးရန် ဖြစ်တယ်လို့သိရပါတယ်။

ဒီစီမံကိန်းရဲ့ Pilot Project အဖြစ်စက်ရုံ၊ ကုမ္ပဏီ (၁၀)ခုကိုသတ်မှတ်ရွေးချယ်ပြီး GMP နှင့် HACCP တို့ကိုအခြေခံတဲ့အစားအစာဘေးကင်းလုံခြုံစိတ်ချရမှုစီမံခန့်ခွဲခြင်းစနစ်ကိုအကောင်အထည်ဖော်နိုင်ရန်အတွက်နည်းပညာအထောက်အကူပံ့ပိုးကူညီပေးခဲ့တယ်လို့သိရပါတယ်။ စီမံကိန်းမှာပါဝင်တဲ့ စက်ရုံများကို GMP၊ HACCP လက်မှတ်ရရှိရေးအတွက်အသင့်ပြင်ဆင်မှုလုပ်ဆောင်နိုင်ရန်လိုအပ်တဲ့နည်းပညာဆိုင်ရာပံ့ပိုးကူညီမှုနဲ့သင်တန်း ပို့ချပေးမယ့်အစားအစာဘေးကင်းလုံခြုံမှုဆိုင်ရာ ကျွမ်းကျင်သူတွေကိုစေလွှတ်အကူအညီပေးခဲ့တယ်လို့ သိရပါတယ်။ဒီစီမံကိန်းမှာပူးပေါင်းပါဝင်သူတွေအနေနဲ့ စီးပွားရေးဆိုင်ရာအကျိုးအမြတ်နဲ့လူမှုရေးဆိုင်ရာအကျိုးအမြတ် တွေ ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။အခုပြုလုပ်ခဲ့တဲ့ Aware Project Showcase ပွဲကိုAware Project မှ တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များ၊ စက်ရုံအလုပ်ရုံမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပြီးဒီစီမံကိန်းမှာပါဝင်ခဲ့တဲ့စက်ရုံ၊ကုမ္ပဏီ (၁၀)ခုကိုအသိအမှတ်ပြုလက်မှတ်များပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

 

 

Related News