အစိုးရဆေးရုံအချို့မှာ ဆရာဝန်အချို့က သူနာပြုတွေကို ကိုယ်ထိလက်ရောက် အနိုင်ကျင့်မှုတွေဖြစ်နေတာကို ဆန့်ကျင်တဲ့အနေနဲ့ ဒီလှုပ်ရှားမှုလုပ်ဆောင်နေတာလို့ သိရပါတယ်။အခုတော့သူနာပြုတွေဟာ ပြည်တွင်းက လူသုံးအများဆုံးလူမှုကွန်ယက်ဖေ့ဘွတ်က သူတို့ရဲ့ကိုယ်ပိုင် စာမျက်နှာမှာ Profile Picture  ချိန်းပြီး ဒီအခြေနေကို ဆန့်ကျင်ကြောင်း ဖော်ထုတ်နေကြတာပါ။အနီရောင်နောက်ခံပေါ်မှာ ရာဇဂြိုလ်တိုက်နယ်ရှိ သူနာပြုနှစ်ဦးအပေါ် အနိုင်ကျင့်ထိုးကြိတ် ကန်ကျောက်မှုကို တရားဥပဒေအတိုင်းမှန်ကန်စွာရပ်တည်ဖြေရှင်းပေးကြပါ ဆိုတဲ့စာတန်းထည့်သွင်း ထားတဲ့ ကိုယ်ရေးဓါတ်ပုံဟာ သူနာပြုတွေကို အနိုင်ကျင့်စော်ကားတာဆန့်ကျင်တဲ့အနေနဲ့ တင်ထားကြတာလို့ ဒီလှုပ်ရှားမှုမှာ ပါဝင်နေသူတစ်ဦးကပြောပါတယ်။


လုပ်ငန်းခွင်အတွင်း သူနာပြုတွေအနိုင်ကျင့်ခံရတာ အခုတစ်ကြိမ်တည်းမဟုတ်ပဲ အရင်ကလည်း သိသာထင်ရှားတဲ့ အနိုင်ကျင့်မှုတွေရှိခဲ့ဖူးတယ်လို့ ကိုရန်လင်းမြင့် ကပြောပါတယ်။လုပ်ငန်းခွင်ထဲမှာ  ဆရာဝန်၊သူနာပြုတွေအနေနဲ့ တာဝန်ဝတ်တရားတွေ လေးစားလိုက်နာပြီး တစ်ဦးပေါ်တစ်ဦး နားလည်မှုရှိသင့်သလို ဆက်ဆံရေးမပြေပြစ်ရင်လဲ သက်ဆိုင်ရာတာဝန်ရှိသူ အဆင့်ဆင့်ကို အသိပေးတိုင်ကြားဖြေရှင်းသင့်တယ်လို့ Emergency Ambulance Service Foundation  ဥက္ကဌ ဒေါက်တာတင်ဇော်မောင်ကပြောပါတယ်။အခုလက်ရှိမှာတော့ ရာဇဂြိုလ်တိုက်နယ်ဆေးရုံက ဖြစ်ရပ်နဲ့ပတ်သတ်လို့ ကာကယံရှင်က ကလေးမြို့နယ်ရားရုံးမှာ အမှုဖွင့်ထားသလို  ဒီဖြစ်ရပ်ကို ကျန်းမားရေးဝန်ကြီးဌာန ခရိုင်အဆင့်   စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပြီလို့ သိရပါတယ်။ 

 

Related News