ယာဉ်နောက်လိုက် (စပါယ်ယာ) မပါပဲ စီးနင်းသူကိုယ်တိုင်ငွေပေးချေစီးနင်းရတဲ့ စနစ်ကိုပိုမိုကျယ်ပြန့်စေချင်တယ်လို့ ရန်ကုန်မြို့တွင်းဘတ်စ်ကားစီးခရီးသည်တွေကပြောပါတယ်။မထသ ယာဉ်လိုင်းတစ်ခုဖြစ်တဲ့ ၄၅ အထူးယာဉ်လိုင်းမှာ ယာဉ်စီးခကိုခရီးသည်ကိုယ်တိုင်က ယာဉ်ခေါင်းခန်းမှာရှိတဲ့ ခြင်းထဲထည့်သွင်းရတဲ့စနစ်ကို စမ်းသပ်နေချိန်မှာ ခရီးသည်တွေက အခုလိုမှတ်ချက်ပြုပြောဆိုကြတာပါ။ ရန်ကုန်မြို့တွင်း Bus ကားလိုင်းတွေမှာ ယာဉ်နောက်လိုက်တွေနဲ့ ခရီးသည်တွေကြား မပြေလည်မှု ပြသာနာ တွေနေစဉ်နဲ့အမျှ ကြုံတွေ့နေရပါတယ်။

မထသယာဉ်လိုင်းတွေထဲက ၄၅ အထူးယာဉ်လိုင်းကတော့ ခရီးသည်တွေအတွက် စိတ်ကျေနပ်မှုရှိအောင်အချို့ bus car  ကားတွေမှာ ယာဉ်နောက်လိုက်မပါဘဲ ကိုယ်တိုင်ယာဉ်စီးခကို ထည့်ရတဲ့ စနစ်မျိုးကို ကျင့်သုံးနေ ကြပါပြီ။၄၅ အထူးယာဉ်လိုင်းမှာ အရှေ့ခြင်းထဲ ခရီးသည်ကိုယ်တိုင်ထည့်ရတဲ့ စနစ်ကိုကျင်းသုံး နေတာ (၅) လလောက်ရှိနေပီလို့ သိရပါတယ်။ ဒီစနစ်နဲ့ပတ်သတ်ပြီး ခရီးသည်တွေဘက်က ကောင်းတဲ့တုန်းပြန်မှုတွေကို ကြားရတယ်လို့ ပြောပါတယ်။

ယာဉ်မောင်းတွေအနေနဲ့လည်း အရင်က ယာဉ်နောက်လိုက်တွေနဲ့ ကားမောင်းနေစဉ်အတွင်း အဆင်မပြေတာတွေရှိလို့ ဒီလို့စနစ်မျိုး ပြောင်းလိုက်တာဟာအဆင်ပြေတယ်လို့ ပြောပေမယ့်   (၄၅) Air Con Bus ယာဉ်မောင်းတစ်ဦးကတော့ ယာဉ်နောက်လိုက်တစ်ယောက်ပါရင် ပိုအဆင်ပြေတဲ့ အချက်တွေကိုလည်း အခုလိုပြောပါတယ်။ယာဉ်နောက်လိုက်မပါပဲ ကတ်စနစ်၊ ကိုယ်တိုင်ငွေချေစနစ်နဲ့ စတင်ခဲ့တာကတော့ ရန်ကုန် ဘတ်စ်ကားအများပိုင်ကုမဏီရဲ့ BRT ဘတ်စ်ကားတွေလို့ သိရပါတယ်။

 

Related News