မန္တလေးက တန်ဖိုးမျှတတိုက်ခန်းတွေအတွက် သတ်မှတ်စည်းကမ်းချိုးဖောက် လျှောက်ထား သူတွေ ရှိနေသလို လျှောက်လွှာအရေအတွက်လည်း များလွန်းနေလို့ မဲနှိုက်ဝယ်ယူရာမှာ အခက်အခဲတွေရှိနေတယ်လို့ ဝေဖန်သူတွေ ရှိနေပါတယ်။ ချမ်းမြသာစည်မြို့နယ် ၊ မြို့သစ်၎ ရပ်ကွက်မှာမိသားစု ၄ယောက်နဲကအိမ်ဌားနေထိုင်တဲ့ ဒေါ်ဝင်းကြည်ဟာ စိုက်ပျိုးရေးဌာနက အငြိမ်းစားဝန်ထမ်းတစ်ဦးပါ။ ပင်စင်ယူတာ ၉ နှစ်ဝန်းကျင် ရှိပြီဖြစ်ပြီး အိမ်ပိုင်တစ်လုံးရနိုင်ဖို့ မန္တလေးမှာရောင်းချပေးတဲ့တန်းဖိုးနည်း၊ တန်းဖိုးမျှတ အိမ်ယာစီမံကိန်းတွေအပေါ်မျှော်လင့်ပြီး မဲနှိုက်ဝယ် ယူချိန်တိုင်းသူမအနေနဲ့ လျှောက်လွှာတင်ခဲ့ပါ တယ်။ 


ခုတစ်ခေါက်မန္တလေးကတန်ဖိုးမျှတ အိမ်ယာတိုက်ခန်းရောင်းချမှုမှာလျှောက်လွှာတင်သူဦးရေ ခုနှစ်ထောင့် ခြောက်ရာကျော်ရှိပြီး ရောင်းချပေးတဲ့ တိုက်ခန်းအရေအတွက်ကတော့ အခန်းပေါင်း ၅၆၀ပါ။ တိုက်ခန်းရောင်းချမှုနဲ့ဝယ်ယူချင်သူအရေအတွက်ဆယ်ဆကျော်ကွာဟခဲ့တာကြောင့် အသက်အရွယ်ကြီးတဲ့ ပင်စင်စားတွေ အိမ်ပိုင်ရဖို့အတွက် စိတ်မောလူမောဖြစ်ခဲ့ရတယ်လို့ဆိုပါတယ်။ ဒီအိမ်ရာမဲနှိုက်ရောင်းချမှုမှာ နိုင်ငံ့ဝန်ထမ်းငါးထောင့်နှစ်ရာကျော်၊ အငြိမ်းစားဝန်ထမ်း တစ်ထောင့်တစ်ရာကျော်၊ ကုမ်္ပဏီဝန်ထမ်းငါးရာကျော်နဲ့ ၀င်ငွေနည်းပြည်သူ ခုနှစ်ရာကျော်ရဲ့ လျှောက်လွှာတွေကို ရောင်းချမယ့်တိုက်ခန်းအရေအတွက်နဲ့ အချိုးကျခွဲဝေပြီးဇန်န၀ါရီလ ၄ရက်နဲ့ ၅ရက်နေ့တွေမှာ မဲနှိုက်ရောင်းချပေးခဲ့တာဖြစ်ပါတယ်။

အခုရောင်းချပေးတဲ့ ငါးထပ်တိုက် တန်ဖိုးသင့်အိမ်ယာတိုက်ခန်းကို မြေညီထပ်ငွေကျပ် ၂၂၃ သိန်း၊ ပထမထပ်၂၀၈သိန်း၊ ဒုတိယထပ် ၁၉၃ သိန်း၊ တတိယထပ် ၁၇၈ သိန်းနဲ့စတုတ်္ထထပ် ၁၆၃ သိန်းစီနဲ့ လက်ငင်း ငွေချေစနစ်၊ ၃၀ရာခိုင်နှုန်းကြိုတင်ပေးချေကာ ဘဏ်ချေးငွေစနစ်တွေနဲ့ အသုံးပြုကာ ၀ယ်ယူနိုင်တယ်လို့ သိရပါတယ်။

Related News