အသက် ၉၀ နှင့်အထက် အဘိုးအဘွားများ ကန်တော့ပွဲကို ရွှေပြည်သာမြို့နယ်မှာ ဇန်န၀ါရီလ ၆ ရက်က ပြုလုပ်သွားပါတယ်။ ပြာသိုလပြည့်နေ့မှာ ကျရောက်တဲ့ အမေနေ့အထိမ်းအမှတ် အနေနဲ့ အဘိုးအဘွားတွေကို ကန်တော့တာပါ။ အသက် ၉၀နဲ့ အထက် အဘိုးအဘွား ၂၁ ဦးကို ကန်တော့ခဲ့တာဖြစ်ပြီး အဘိုးအဘွားတစ်ဦးကို ငွေကျပ်တစ်သိန်းဝန်းကျင်ခန့် တန်ဖိုးရှိပစ္စည်းတွေကို ကန်တော့ပစ္စည်းအနေနဲ့ ပေးခဲ့တာဖြစ်ပါတယ်။

အမေနေ့အထိမ်းအမှတ်အဖြစ် အသက်၉၀နဲ့အထက် အဘိုးအဘွားတွေကို ပူဇော်ကန်တော့ခဲ့သလို စာပေဟောပြောပွဲပါ ပြုလုပ်တာဖြစ်ပြီး ၇ စာပေဟောပြောပွဲမှာ ဓာတုဦးဘုန်း၊ ဆရာချစ်ဦးညိုနဲ့ ဆရာဇော်ခိုင်ဦးတို့က ဟောပြောသွားပါသေးတယ်။ 

 

 

Related News