စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ် မြောက်ယမားဆည်အထက်ဘက် မှာရှိတဲ့ ကျေးရွာခြင်းဆက်လမ်းပိုင်းတွေ ပျက်စီးနေလို့ သက်ဆိုင်ရာဌာနတွေအနေနဲ့ ပြုပြင်ပေးစေ လိုတယ်လို့ ဂရုဏာရိပ်လူမှုကူညီရေးအသင်းဥက္ကဋ္ဌက ပြောပါတယ်။

အိုင်းမကျေးရွာကနေ မိုင်(၄၀)ခန့်ဝေးတဲ့ ပုလဲမြို့ကိုသွားတဲ့လမ်းဟာ  ပုံမှန်(၂)နာရီခန့်သာ ကြာမြင့်တာဖြစ်ပေမယ့် မိုးတွင်းကာလနောက်ပိုင်းမှာ လမ်းတွေပျက်စီးတာကြောင့် ပုံမှန်ထက် (၂)ဆကြာအောင် သွားလာရတယ်လို့ သိရပါတယ်။

အခုလို လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကြောင့် ကျောင်းသား၊ကျောင်းသူများ သွားလာရေး ခက်ခဲနေခြင်း ကျေးရွာတွေအတွင်း ကျန်းမာရေးချို့တဲ့ သူတွေကို မြို့ဆေးရုံကို ပို့ဆောင်ရာမှာ အချိန်ကြန့်ကြာမှုတွေရှိနေပြီး ကျေးရွာဖွံ့ဖြိုးတိုးတက်မှုမှာလည်း နှောင့်နှေးနေတယ်လို့ သိရပါတယ်။

 

 

Related News