တစ်နှစ်ကို တန် ၆ သောင်းထုတ်လုပ်နိုင်မယ့်သံမဏိ Steel Structures စက်ရုံကို ရွှေပြည်သာ စက်မှုဇုံမှာ ဇန်န၀ါရီ ၇ ရက်က ဖွင့်လှစ်လိုက်တယ်လို့ သိရပါတယ်။ဒီစက်ရုံဟာ မုတ္ကမဟိုးဒင်း ကုမ္ပဏီက ဖွင့်လှစ်တာဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ၄၀ ဖိုးရှိတယ်လို့ သိရပါတယ်။လက်ရှိမှာတော့ စက်ရုံမှာဝန်ထမ်း ၆၀၀ နဲ့ စတင်လည်ပတ်မှာဖြစ်ပြီး စတင်ထုတ်လုပ်ချိန်မှာ တစ်လတန် (၅၀၀၀)ကျထုတ်လုပ်နိုင်ဖို့ရည်မှန်းထားတယ်လို့ သိရပါတယ်။ စက်ရုံလည်ပတ်ဖို့ ကုန်ကြမ်းကိုတော့ တရုတ်နဲ့ကိုရီးယားနိုင်ငံတွေက တင်သွင်းမှာဖြစ်ပြီး  စတီးလ်ပရောဂျက်ဒီဇိုင်းထုတ်တာကနေ ပစည်းထုတ်လုပ်မှု တပ်ဆင်မှုတွေအထိ လုပ်ဆောင်မယ်လို့ သိရပါတယ်။

 

 

Related News