ဒဂုံတက္ကသိုလ်မှစတင်ပြီး မြောက်ဥက္ကလာအ၀ိုင်း၊ ကမ္ဘာဘေးဘုရားလမ်းနဲ့ ဆူးလေမှာ ဂိတ်ဆုံးတဲ့YBS (၂၈)ယာဉ်လိုင်းဟာ ဖေဖော်ဝါရီလ(၂၆)ရက်နေ့မှ စတင်ပြီး ယာဉ်စီးခကို ခရီးသည်ကိုယ်တိုင်ပုံးထဲထည့်ရတဲ့ Cap box   စနစ်နဲ့ စတင်ပြေးဆွဲနေပြီလို့ သိရပါတယ်။YBS (၂၈) ယာဉ်လိုင်းမှာ လက်ရှိပြေးဆွဲနေတဲ့ ယာဉ်စီးရေ(၂၈)စီးရှိပြီး ယာဉ်စီးခကို ခရီးသည်ကိုယ်တိုင် ပုံးထဲထည့်ရတဲ့ Cap box   စနစ်ကို ယာဉ်စီးရေ(၂၀)နဲ့ စတင်ပြေးဆွဲပေးနေတာ ဖြစ်ပါတယ်။ စပယ်ယာမပါတဲ့အတွက် ခရီးသည်တွေအကြွေလဲလှယ်ဖို့(၁)ပတ်တိတိ ၀န်ထမ်း တစ်ဦးလိုက်ပါ စီးနင်းပေးနေတယ်လို့သိရပါတယ်။

(၁)ပတ်ပြည့်ပြီးရင်တော့ ခရီးသည်တွေအနေနဲ့ မိမိကိုယ်တိုင် အကြွေယူဆောင်လာပြီး စီးနင်းရမှာ ဖြစ်တယ်လို့ ပြောပါတယ်။ခရီးသည်အချို့ကတော့ ယာဉ်လိုင်းတွေမှာCap box    စနစ်ထားရှိမှုကို ကြိုက် နှစ်သစ်တယ်ဆိုပေမယ့် စည်းကမ်းရှိမှသာ ဒီစနစ်အဆင်ပြေနိုင်မယ်လို့ ပြောပါတယ်။ရုံးတက်၊ ရုံးဆင်းချိန်တွေနဲ့ ယာဉ်ကြောကြပ်တည်းတဲ့အချိန်တွေမှာ ကားမောင်းရခက်ခဲပေမယ့် ဒီစနစ်ဟာ ယာဉ်စီးခရရှိမှုကတော့ အရင်ကထက်ပိုမိုရရှိတယ်လို့ သိရပါတယ်။

ယာဉ်မောင်းတစ်ဦး ကတော့ ဒီစနစ်နဲ့ပတ်သက်ပြီး အခုလိုပြောပါတယ်YBS(၂၈)ယာဉ်လိုင်းမှာ ဒုတိယအကြိမ် ဃစေ ဘသထ စနစ်နဲ့ ပြေးဆွဲတဲ့ယာဉ်လိုင်းဖြစ်ပြီး  ပြီးခဲ့တဲ့ ဖေဖော်ဝါရီ(၁၅)ရက်ကတော့ ရွှေပေါက်ကံ၊ ခြောက်ကွေ့ကနေ အမှတ်(၃)လမ်းမကြီး တစ်လျှောက် ဆူးလေအထိပြေးဆွဲပေးနေတဲ့ YBS (၃၆)ယာဉ်လိုင်းက ယာဉ်စီးရေ(၃၅)စီးနဲ့  Cap box  စနစ်ကို အရင်ဆုံးပြေးဆွဲပေးခဲ့တယ်လို့ သိရပါတယ်။

Related News