ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဉ်လိုင်းတွေမှာ အမျိုးသားယဉ်မောင်းတွေသာ ရှိကြပြီး အခု YBS ၂၁ယာဉ်လိုင်း ပြေးဆွဲတဲ့ နောက်ပိုင်းမှာ အမျိုးသမီးယာဉ်မောင်းတစ်ဦး စတင်ထွက်ပေါ်လာပါတယ်။ သူမကတော့ YBS ၂၁ ယာဉ်လိုင်းမှာ မောင်းနှင်သူ အသက် ၃၀နှစ်ရှိပြီဖြစ်တဲ့ မမြတ်ရည်မွန်ပဲဖြစ်ပါတယ်။   လှိုင်သာယာမြို့နယ် အနောက်ပိုင်းတက္ကသိုလ်မှ သခင်မြပန်းခြံအထိ ပြေးဆွဲနေတဲ့ YBS ၂၁ ယာဉ်လိုင်းကို မောင်းနှင်နေတဲ့ မမြတ်ရည်မွန်ကို အမျိုးသမီးယာဉ်မောင်းအဖြစ် မတ်လ (၄)ရက်နေ့က စတင်ခန့်အပ်လိုက်တာ ဖြစ်ပါတယ်။

သူမဟာ ဒီယာဉ်မောင်း အလုပ်မလုပ်ခင်က အရင်ဘတ်စ်ကားစနစ်မှာ ယာဉ်နောက်လိုက်အဖြစ် လုပ်ခဲ့ဖူးပြီး (၂၀၁၄)ခုနှစ်လောက်က သူမရဲ့ဆရာကိုတရုတ်လေးက ယာဉ်မယ်အလုပ်စတင်လုပ်လို့ရပြီဟု ခေါ်ပြီး သင်တန်းပေးကာ ယာဉ်နောက်လုပ်အလုပ်ကနေ ကြိုးစားရင်းနဲ့ အခုလို YBS ၂၁ ယာဉ်လိုင်းကို စတင်မောင်းခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။  

ယခု YBS ၂၁ ယာဉ်လိုင်းရဲ့ အမျိုးသမီးယာဉ်မောင်းကို ပြည်သူအများစုက သူမရဲ့ ယာဉ်မောင်းမှုအပေါ် သဘောကျ နှစ်သက်သူတွေ များပြားပြီး အမျိုးသမီးယာဉ်မောင်းအဖြစ် ယုံကြည်လိုက်ပါစီးနင်းကြတဲ့ ပြည်သူတွေရဲ့ အသံကတော့....အခုလို အမျိုးသမီးယာဉ်မောင်း ထွက်ပေါ်လာတာဟာ အမျိုးသားတွေနဲ့အတူ ရင်ဘောင် တန်းလုပ်ဆောင်နိုင်မှုဟာ အမျိုးသမီးတွေအတွက် အခွင့်အလမ်းတစ်ခုဖြစ်ပြီး    အမျိုးသား ယာဉ်မောင်း တွေနဲ့ ယှဉ်ရင်တော့ ပြင်ဆင်မှုတွေကြိုးစားလုပ်ဆောင်နေတယ်လို့ ပြောပါတယ်။လက်ရှိအများပိုင်ယာဉ်လိုင်း ဘတ်စ်ကားကုမ္ပဏီတွေက ယာဉ်မောင်းခေါ်ယူရာမှာ အမျိုးသား တွေသာ လာရောက်လျှောက်ထားမှုရှိခဲ့ပြီး အမျိုးသမီးယာဉ်မောင်း လျှောက်ထားမှုမရှိသေးဘူးလို့ သိရပါတယ်။ 

 

 

Related News