အမျိုးသမီးရက်သတ္တပတ် အဆုံးသတ်လှုပ်ရှားမှုအဖြစ် ရန်ကုန်မြို့တွင်း လူစည်ကားတဲ့နေရာ ငါးခုမှာ အကြမ်းဖက်မှုရပ်တန့်ရေး ဖျော်ဖြေတင်ဆက်မှုတွေ မတ်လ(၁၂)ရက်က လုပ်ဆောင်ခဲ့ပါတယ်။အခရာ အမျိုးသမီးအဖွဲ့နဲ့ အတူ လူငယ်တွေ စုပေါင်းပြီး လူစည်ကားတဲ့ နေရာငါးခုမှာ အမျိုးသမီးအကြမ်းဖက်မှု ရပ်တန့်ရေး လှုပ်ရှားမှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။

ရန်ကုန်မြို့  မဟာဗန္ဓုလပန်းခြံကနေ စတင်ပြီး ဆူးလေရှန်ဂရီလာ ဟိုတယ်အရှေ့ ၊ တော်ဝင်စင်တာ နဲ့ မြန်မာပလာဇာ ဧရိယာဝန်းကျင်တို့မှာ အကြမ်းဖက်မှုမလိုလားတဲ့ သရုပ်ဖော်တင်ဆက်မှုတွေ လုပ်ဆောင်ခဲ့ပြီး ပြည်သူ့ရင်ပြင်မှာ ပြီးဆုံးခဲ့ပါတယ်။အမျိုးသမီး အကြမ်းဖက်မှုတွေကို လျှော့ချနိုင်ဖို့ အကြမ်းဖက်မှုလျော့ကျရေး လုပ်ငန်းစဉ်တွေမှာ အမျိုးသားတွေ ကိုယ်တိုင်ပူးပေါင်းပါဝင်တိုက်ဖျက်ဖို့ လိုအပ်တယ်လို့ သရုပ်ပြတင်ဆက်မှုမှာ ပါဝင်တဲ့ ကိုမျိုးခိုင်က ပြောပါတယ်။

အမျိုးသမီးလှုပ်ရှားမှု ရက်သတ္တပတ်ဖြစ်တဲ့ မတ်လ ၆ ရက်ကနေ ၁၂ အတွင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန နဲ့ အမျိုးသမီးအရပ်ဘက်အဖွဲ့အစည်းတွေက အမျိုးသမီး အရေးပေးလှုပ်ရှားမှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ 

 

 

 

 

Related News