ရာသီဥတုဖောက်ြပန်တာနဲ့ ပတ်သတ်တာတွေကို အသိပေးဖို့အတွက် ကမ္ဘာမြေအတွက်တစ်နာရီစာ "Earth Hour" အစီအစဉ်ကို လာမယ့်မတ်လ၂၅ရက်ည(၈)နာရီခွဲကနေ (၉)နာရီခွဲအထိ ရွှေတိဂုံစေတီရဲ့ ချမ်းသာကြီးတန်ဆောင်းမှာ ပြုလုပ်သွားမယ်လို့ ကမ္ဘာလုံးဆိုင်ရာသဘာဝပတ်ဝန်းကျင်ရန်ပုံငွေအဖွဲ့ (W.W.F) ရဲ့ပြောဆိုချက်အရ သိရပါတယ်။Earth Hour အစီအစဉ်ကို ရွှေတိဂုံဘုရားရင်ပြင်တော်မှာ ဆီမီးတစ်သောင်း ထွန်းညှိလှူဒါန်းပြီး သဘာဝဘေးအန္တရာယ်ကြောင့် သေဆုံးခဲ့တဲ့သူတွေအတွက် ဆုတောင်းပေးတာနဲ့ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ကမ္ဘာနဲ့အ၀ှမ်းမှာဖြစ်ပေါ်နေတဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာလုပ်ဆောင်မှုတွေကို တစ်နှစ်ပတ်လုံး လုပ်ဆောင်နိုင်ဖို့အတွက် Earth Hour အစီအစဉ်ကို ပြုလုပ်တာဖြစ်ပြီး ဒီနှစ်မှာပြုလုပ်တဲ့ အစီအစဉ်ဟာ လူအများစုပါဝင်လှုပ်ရှားနိုင်ဖို့  ပထမဆုံးအကြိမ်ပြုလုပ်တာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီအစီအစဉ်ကို လူ၂၀၀လောက်တက်ရောက်ဖို့ မျှော်လင့်ထားတယ်လို့ သိရပါတယ်။ Earth Hour အစီအစဉ်ကို ၂၀၀၇ခုနှစ်က သြစတျေးလျနိုင်ငံ ဆစ်ဒနီ     မြို့မှာ ပထမဆုံးအကြိမ် ပြုလုပ်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့၂၀၁၆ခုနှစ်မှာတော့ ကမ္ဘာ့အနှံ့နိုင်ငံပေါင်း(၁၇၈)နိုင်ငံမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 

 

 

Related News