မတ်လ(၂၃)ရက်နေ့မှ၂၆ရက်နေ့အထိ ပြုလုပ်သွားမယ့် Top Thai Brands 2017  ကုန်စည်ပြပွဲနဲ့ပတ်သတ်ပြီး သတင်းစာရှင်းလင်းပွဲကိုမတ်လ(၁၅)ရက်က ရန်ကုန်မြို့ Melia Hotel မှာပြုလုပ်ခဲ့ပါတယ်။Top Thai Brands 2017 ကုန်စည်ပြပွဲကို Melia Hotel  မှာ ပြုလုပ်မှာဖြစ်ပြီး ထိုင်းနိုင်ငံမှ ကုမ္ပဏီ(၁၁၃)ခုကနေပြခန်းပေါင်း (၁၃၀)ခန့်ကလာရောက်ပြသသွားမှာ ဖြစ်ပါတယ်။ အဆိုပါကုန်စည်ပြပွဲမှာ ကျန်းမာရေးနှင့် အလှအပရေးရာ၊ ပညာရေး၊ အထည်အလိပ်နှင့် ဖက်ရှင်ပစ္စည်းများ ၊ လူသုံးကုန်ပစ္စည်းတွေလည်း ပါဝင်ပြသသွားမှာ ဖြစ်ပါတယ်။

လက်ရှိမှာလည်း ကုန်စည်ပြပွဲမှာ ပြသသွားမယ့်ပစ္စည်းတွေကိုပင်လယ်ရေကြောင်းနဲ့ ကုန်းလမ်းကပါပြည်တွင်းကို တင်သွင်းလာမယ်လို့ သိရပါတယ်။ ဒါ့အပြင် ကုန်စည်ပြပွဲမှာ မြန်မာနိုင်ငံက စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေကို ထိုင်းကလုပ်ငန်းရှင် တွေနဲ့တွေ့ဆုံကာ စီးပွာရေးဆိုင်ရာဆွေးနွေးပွဲတွေ ပြုလုပ်ပေးသွားမှာဖြစ်ပြီး သရုပ်ပြဟင်းချက်ပွဲ ၊ မိတ်ကပ်အလှပြုပြင်တာတွေနဲ့ ထိုင်းရိုးရာအနှိပ်ပညာတွေကို ပြသသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။   ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံမှာ လာရောက်ပြသခဲ့တဲ့ ကုန်စည်ပြပွဲအရေအတွက်ဟာ တစ်နှစ်မှာ (၅)ပွဲလောက်ရှိပြီး ထိုင်းနိုင်ငံမှာပြုလုပ်တဲ့ ကုန်စည် ပြပွဲတွေမှာ မြန်မာနိုင်ငံမှကုန်ပစ္စည်းတွေလည်းသွားရောက်ပြသလျက်ရှိတယ်လို့ သိရပါတယ်။ 

 

 

Related News