သင်္ကြန်ကာလအတွင်း မြို့ပတ်ရထားပြေးဆွဲမှုကို လက်ရှိပြေးဆွဲနေတဲ့အခေါက်ရေထက် တစ်ဝက်ခန့် လျှော့ချသွားမယ်လို့ မြန်မာ့မီးရထားမှ သိရပါတယ်။ လက်ရှိ မြို့ပတ်ရထားပြေးဆွဲမှုကို တစ်နေ့ကို အစီးရေ ၂၅ စီးနဲ့ အခေါက်ရေ ၂၂၀ ပြေးဆွဲပေးနေတာပါ။သင်္ကြန်ကာလအတွင်းမှာတော့  ရထားစီးနင်းတဲ့ ခရီးသည် နည်းပါးမှာ ဖြစ်တာကြောင့်  မြို့ပတ်ရထားပြေးဆွဲမှုကို ရထားစီးရေ(၇)ဆိုင်းနဲ့ ပြေးဆွဲမှု အခေါက်ပေါင်း (၇၃)ခေါက်နဲ့ အရင်ထက် ထက်ဝက်လျော့ချ လိုက်တာလည်း ဖြစ်ပါတယ်။ သင်္ကြန်ကာလမှာ RBE   ရထား ၁၂ဆိုင်းကို ရပ်နားမှာဖြစ်ပြီး ရိုးရိုးရထားတွေနဲ့သာ ပြေးဆွဲမှာလည်းဖြစ်ပါတယ်။

အခုလို မြို့ပတ်ရထားပြေးဆွဲမှု လျှော့ချသော်လည်း သင်္ကြန်ကာလအတွင်း အလုပ်၊ ကျောင်းနဲ့ သင်တန်း အတော်များများ ပိတ်ထားတာကြောင့် သွားလာရေးမှာ အခက်အခဲမရှိလောက်ဘူးလို့  မြို့ပတ်ရထားစီးနင်းသူ တစ်ဦးက ပြောပါတယ်။အခုလို မြို့ပတ်ရထားတွေ သင်္ကြန်အတွင်း လျှော့ချမှုကို ဧပြီလ(၁၄)ရက်ကနေ (၁၆)ရက်အထိ လျှော့ချသွားမှာဖြစ်ပြီး (၁၇)ရက်၊ နှစ်ဆန်းတစ်ရက်နေ့မှာတော့ ပုံမှန်အတိုင်း ဆက်လက် ပြေးဆွဲသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။မြို့ပတ်ရထားစီးနင်းသူဟာလည်းနေ့စဉ် တစ်သိန်းနီးပါး ထိ ရှိတယ်လို့ သိရပါတယ်။

 

Related News