မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ပထမဆုံးအကြိမ်ပြုလုပ်တဲ့စာတမ်းဖတ်ပွဲကို ရန်ကုန်မြို့တော်ခန်းမမှာ မတ်လ ၁၈ ရက်နဲ့ ၁၉ ရက် နှစ်ရက်တာကျင်းပပြုလုပ်ခဲ့ပါတယ်။စာတမ်းဖတ်ပွဲပြုလုပ်ရန်အချိန်နှစ်ပတ်သာရခဲ့တဲ့အတွက် စာတမ်းတွေကို သတင်းမီဒီယာ ကောင်စီ အဖွဲ့ဝင်များနဲ့ပဲ ပြင်ဆင်နိုင်ခဲ့ပြီး နောက်နှစ်တွေမှာ မီဒီယာပေါင်းစုံပါဝင်တဲ့ စာတမ်းဖတ်ပွဲ ဖြစ်မြောက်အောင် ကြိုးစားသွားမယ်လို့ ဟံသာဝတီ ဦးအုန်းကြိုင်ကပြောပါတယ်။ပထမဆုံးအကြိမ် ပြုလုပ်တဲ့ သတင်းမီဒီယာ စာတမ်းဖတ်ပွဲ အတွက် ရန်ကုန်မြို့တော်ခန်းမကို မြို့တော်ဝန် ဒေါက်တာ မောင်မောင်စိုးက နှစ်ရက်တာ အသုံးပြုခွင့်ပေးခဲ့တယ်လို့ သိရပါတယ်။

စာတမ်းဖတ်ပွဲမှာ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အဖွဲ့ဝင်စာရေးဆရာ၊ ဆရာမကြီးများက မြန်မာ့သတင်းမီဒီယာသမိုင်း၊ ခေတ်အဆက်ဆက် ထုတ်ဝေလာတဲ့ သတင်းစာများ အကြောင်းနဲ့ သတင်းထောက်တွေ သိထားသင့်တဲ့ အချက်အလက်၊ ကျင့်ဝတ်၊ ဥပဒေတွေကို စာတမ်း ၁၂ စောင်ဖတ်ကြားခဲ့တာဖြစ်ပါတယ်။သတင်းမီဒီယာစာတမ်းဖတ်ပွဲနဲ့အတူစာနယ်ဇင်းဈေးရောင်းပွဲတော်ကိုလည်းမဟာဗန္ဓုလ ပန်းခြံရှေ့မှာ ပြုလုပ်ခဲ့ပါတယ်။

 

 

Related News