ဧပြီလ တစ်ရက်ကဖွင့်လှစ်ခဲ့တဲ့ ကျပ်သိန်းတစ်သောင်းထီဆုကို ကံထူးခဲ့တဲ့ ကံထူးရှင်ကို  ဧပြီလ(၁၀)ရက်က ရန်ကုန်မြို့ အောင်ဘာလေသိန်းဆု ဌာနခွဲမှာ ဆုငွေတွေကို ပေးအပ်ခဲ့ပါတယ်။ ဧပြီလ(၁)ရက်နေ့မှာ စတင်ဖွင့်ပေးခဲ့တဲ့ ပထမအကြိမ် ကျပ်(၅၀၀)တန် ထီဖွင့်ပွဲမှာ ကျပ်သိန်းတစ်သောင်း ကံထူးရှင်ဖြစ်သွားသူ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ နေထိုင်တဲ့ ဦးစံရွှေခိုင်ကို ဒီနေ့မှာ ကျပ်သိန်း တစ်သောင်းဆု ချီးမြှင့်ခဲ့ပါတယ်။ ထီကံထူးရှင် ဦးစံရွှေခိုင်အနေနဲ့ အောင်ဘာလေထီကို ငယ်စဉ်ကတည်းက ၀ါသနာပါလို့ အမြဲကံစမ်းခဲ့ဖူးပြီး ထီဆုမဲ အသေးတွေ ကိုလည်း အကြိမ်များစွာ ပေါက်ခဲ့ဖူးတယ်လို့ ပြောပါတယ်။

 အောင်ဘာလေသိန်းဆုဌာနခွဲအနေနဲ့ ဆုငွေကျပ်သိန်းတစ်သောင်းကို ကံထူးရှင်သဘောအတိုင်း ကျောက်ဖြူမြို့နယ်မှာရှိတဲ့ ဘဏ်ထဲကို လွှဲပြောင်းပေးအပ်သွားမှာဖြစ်ပြီး ဆုငွေတွေ အတွက် အခွန်ပေးဆောင်စရာမလိုဘူးလို့ သိရပါတယ်။ ကျပ်သိန်းတစ်သောင်းကံထူးရှင်အနေနဲ့ ဆုငွေတွေကို ပရဟိတလုပ်ငန်းတွေနဲ့ လိုအပ်တဲ့ နေရာတွေမှာ အသုံးချသွားမယ်လို့ သိရပါတယ်။

 

 

Related News