မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ရန်ကုန်တိုင်း)ရုံးခန်းကို ဧပြီလ (၁၁)ရက်က ရန်ကုန်မြို့ တိုက် (၁၀၃)၊ အောင်မင်္ဂလာလမ်း တာမွေမြို့နယ်မှာဖွင့်လှစ်ခဲ့ပါတယ်။ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ကို (၂၀၀၇)ခုနှစ်လောက်ထဲက မြ၀တီမြို့မှာ စတင်ဖွဲ့စည်း လုပ်ဆောင်ခဲ့တာဖြစ်ပြီး တိုင်းဒေသကြီးနဲ့ပြည်နယ်အသီးသီးမှာအဖွဲ့ခွဲတွေ  ဖွဲ့စည်း လုပ်ဆောင် သွားမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံလူမှု ကယ်ဆယ်ရေးအဖွဲ့အနေနဲ့ ရေဘေး၊ မီးဘေး၊သဘာဝ ဘေးနဲ့ မတော်တဆမှုတွေအတွက် လိုက်လံကူညီပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးရန်ကုန်တိုင်းရုံးခန်းဖွင့်ပွဲနဲ့အတူ လူနာတင်ယာဉ် (၂)စီးကို အလှူရှင်များမှ လှူဒါန်းခဲ့ပြီး နောက်ထပ်အလှူရှင်များကလည်း လူနာတင်ယာဉ် (၃)စီးကို လှူဒါန်းသွားဖို့ လာရောက်စာရင်း ပေးထားတယ်လို့ သိရပါတယ်။ 

 

 

Related News