ဒီနေ့ဧပြီလ(၁၇)ရက် နှစ်ဆန်းတစ်ရက်နေ့မှာတော့  ရန်ကုန်မြို့ကမ္ဘာအေးဘုရားနဲ့ ကျောက်တော်ကြီးဘုရားမှာ မနက်ပိုင်းကတည်းကဘုရားရင်ပြင်မှာ လူစည်ကားနေပါတယ်။ မနေ့ကနှစ်ဆန်းတစ်ရက်နေ့နံနက်အစောပိုင်းမှာတောကမ္ဘာအေးဘုရား ရင်ပြင်တော်မှာ အခြားနေ့တွေထက်လူပိုမိုစည်းကားနေပါတယ်။အခုဘုရားဖူးပြည်သူတွေကလည်း ဘုရားဖူးပြီး အပြန်မှာ ဇီဝီဒဒါနကုသိုလ်အဖြစ်ငါးများလွှတ်ခြင်းနဲ့လိပ်စာများကိုလည်း ကျွေးမွေးကုသိုလ်ယူ ခဲ့ကြပါတယ်။ဒါ့အပြင် မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာရန်ကုန်မြို့ကမ္ဘာအေးဘုရားမှာဘဲ လူစည်းကားတာ မဟုတ်ဘဲ ကျောက်တော်ကြီးလို့ လူသိများတဲ့ လောကချမ်းသာ အဘယလာဘမုနိ ရုပ်ပွားတော်မြတ်ကြီး ဘုရားမှာလည်းမနက်ပိုင်းမှာ မြန်မာ့ဆိုင်းဝိုင်းတွေနဲ့ဓမ္မသီချင်းများကို ဗုဒ္ဓပူဇာအနေနဲ့ ပြုလုပ်ခဲ့ကြပြီး ညနေပိုင်းမှာတော့ ဓလေ့ထုံးစံအရ လောကချမ်းသာ အဘယလာဘ မုနိရုပ်ပွားတော်မြတ်ကြီးကို မျက်နှာသစ်တော်ရေဆက်ကပ်သွားမှာဖြစ်ပြီး ဇီဝီဒဒါန ကုသိုလ်အဖြစ် ငါးလွှတ်ပွဲ၊ ငှက်လွှတ်ပွဲတွေကိုပါ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ကမ္ဘာအေးဘုရားနဲ့ ကျောက်တော်ကြီးဘုရားနှစ်ဆူလုံးကို အနယ်နယ်အရပ်ရပ်မှ ပြည်သူများ လာရောက်ဖူးမြော်ကြပြီး နံ့သာရည်ပက်ဖြန်းမှုများ စတုဒီသာကျွေးမွေးမှုတွေအပြင် မိုးရွာတဲ့ အခါစိုစွတ်မှုမရှိအောင် ဘုရားဖူးပြည်သူတွေအတွက် စိတ်ချမ်းသာစွာဘုရားဖူးနိုင်ရန်  အမိုးအကာ တွေကိုလည်း  စီစဉ်ပေးထားတယ်လို့ သိရပါတယ်။ 

 

 

Related News