ယနေ့ဟာမြန်မာသက္ကရာဇ် (၁၃၇၉)ခုနှစ် ရဲ့နှစ်ဆန်းတစ်ရက်နေ့ဖြစ်ပြီး ဗုဒ္ဓဘာသာဝင် တွေ အထွဋ်အမြတ်ထားတဲ့ ရွှေတိဂုံစေတီတော်မှာ ဘုရားဖူးသူ၊ သီတင်းသီလ ဆောက်တည်သူ တွေနဲ့များပြားခဲ့တယ်လို့ သိရပါတယ်ရာသီဥတုက အုံ့မှိုင်းနေပေမယ့် မနက်၅နာရီဝန်းကျင်ကတည်းက ဘုရားရင်ပြင်တော်ပေါ်မှာ ဘုရားဖူးသူတွေနဲ့စည်ကားနေခဲ့ပြီး ရောက်ရှိလာသူတွေဟာ သီတင်းသီလဆောက်တည်ဖို့နဲ့ စေတီတော်ကြီးကို နှစ်သစ်မှာ ဆွမ်းခဲဖွယ်ဘောဇဉ်တွေကို လှူဒါန်းဖို့လာရောက်ကျသူတွေဖြစ်ပါတယ်။တချို့သောဘုရားဖူးတွေကတော့ နှစ်သစ်မှာ ဘုရားဖူးလာရောက်သူတွေကို စတုဒီသာအနေနဲ့ အအေးနဲ့စားသောက်ဖွယ်ရာ တွေလှူဒါန်း နေတာမျိုးတွေ လည်းရှိပါတယ်။အခါကြီးရက်ကြီးတွေ ရွှေတိဂုံစေတီတော်ကို ဘုရားဖူးလာရောက်သူများပြားလေ့ရှိ ပေမယ့် နှစ်ဆန်းတစ်ရက်နေ့မှာတော့ ဘုရားဖူးလာရောက်သူများဟာပိုမိုများပြားတယ်လို့ ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။ နှစ်ဆန်းတစ်ရက်နေ့မှာ ရွှေတိဂုံဘုရားစေတီတော်ကိုလာရောက်တဲ့ဖူးမြှော်တဲ့ ဘုရားဖူးတွေအတွက် လုံခြုံရေးကိုလည်း အပြည့်အ၀စီစဉ်ထားတယ်လို့ သိရပြီး နှစ်စဉ်ကျင်းပနေကျ နှစ်သစ်မင်္ဂလာအခမ်းအနားတွေကိုလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

 

 

Related News