သင်္ကြန်ကာလအတွင်းရပ်နားထားခဲ့တဲ့ မြန်မာမီးရထားရဲ့ ခရီးစဉ်(၆)ခုကို ဧပြီလ(၁၇)ရက်နေ့ကစတင်ပြီး ပြန်လည်ပြေးဆွဲပေးနေတယ်လို့သိရပါတယ်။ရန်ကုန်-မန်္တလေးလမ်းပိုင်းမှာ ပြေးဆွဲနေတဲ့ အမှတ်(၅) အဆန်၊ အမှတ်(၆)အစုန်ရထား၊ ရန်ကုန်-မော်လမြိုင် လမ်းပိုင်းပြေးဆွဲနေတဲ့အမှတ် (၃၅) အဆန်၊အမှတ်(၃၆)အစုန်အမြန်ရထား၊ ရန်ကုန် -မြစ်ကြီးနားလမ်းပိုင်းမှာ ပြေးဆွဲနေတဲ့ အမှတ် (၃၇) အဆန်၊ အမှတ်(၃၈)အစုန်နှင့် အမှတ် (၅၇) အဆန်၊ အမှတ်(၅၈)အစုန်ရထား၊ ရန်ကုန်-နေပြည်တော်လမ်းပိုင်းတွင် ပြေးဆွဲနေတဲ့ အမှတ် (၇) အဆန်၊ အမှတ်(၈) အစုန်ရထား၊ ရန်ကုန်- ပုဂံလမ်းပိုင်းက ပြေးဆွဲနေတဲ့ အမှတ် (၆၁)အဆန်၊ အမှတ်(၆၂)အစုန် ရထားနှင့် ရန်ကုန်-ပြည်လမ်းပိုင်းမှာ ပြေးဆွဲနေသော အမှတ် (၇၁) အဆန်၊ အမှတ်(၇၂)အစုန်ရထား ခရီးစဉ်တွေဟာ  သင်္ကြန်ကာလအတွင်း(၃)ရက်ကြာ ရပ်နားထားရာမှ ဧပြီ(၁၇)ရက်ကစပြီး  ပြန်လည်ပြေးဆွဲပေးနေပြီလို့ မြန်မာ့မီးရထားမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

ဒီနှစ် သင်္ကြန်ကာလအတွင်း မီးရထားစီးခရီးသည်များအတွက် ဧပြီ(၇)ရက်စတင်ပြေးဆွဲပေးတဲ့ ရန်ကုန်-မန်္တလေးသင်္ကြန်အထူးရထားကတော့ ဧပြီ(၂၃) ရက်အထိ ပြေးဆွဲပေးဦးမယ်လို့ ပြောပါတယ်။ရထားလက်မှတ်များကိုလည်း အထက်တန်းလက်မှက်ကို(၃)ရက် ကြိုတင်ဝယ်ယူနိုင်ပြီး ရိုးရိုးတန်းလက်မှက်အတွက် ၁ရက်ကြိုတင်ဝယ်ယူနိုင်ပြီလို့ ပြောပါတယ်။ဒါ့အပြင် ၂၀၁၇ ခုနှစ် သင်္ကြန်ကာလအတွင်း လျော့ချပြေးဆွဲခဲ့တဲ့ ရန်ကုန်မြို့ပတ်မီးရထား ခရီးစဉ်တွေကို ဧပြီ(၁၇)ကစတင်ပြီး အရင်ပုံမှန်အချိန်ဇယားအတိုင်း ပြန်လည်ပြေးဆွဲနေတယ်လို့ သိရပါတယ်။

 

 

Related News