အခုသင်္ကြန်ကာလအတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့တာကြောင့် ကြက်သွန်နီဈေးအနည်းငယ် မြင့်တက်လာတယ်လို့ ဘုရင့်နောင်ကုန်စည်ဒိုင်က သိရပါတယ်။ သတင်းထောက် ရွှန်းလဲ့လဲ့အောင် က တင်ဆက်ပေးမှာဖြစ်ပါတယ်။ပြီးခဲ့တဲ့ သင်္ကြန်ကာလအတွင်း မုန်တိုင်းကြောင့် မိုးရွာသွန်းမှုတွေဖြစ်ပေါ်ခဲ့ပြီး ကြက်သွန်နီ စိုက်ခင်းတွေ ပျက်စီးခဲ့တာကြောင့် ခုရက်ပိုင်း ကြက်သွန်နီဈေးတက်လာတယ်လို့ ကုည်စည် လုပ်ငန်းရှင်တွေထံက သိရပါတယ်။ ဒါဟာ နယ်စိုက်ခင်းတွေ ပျက်စီးခဲ့တာကြောင့်ဖြစ်ပြီး ဘယ်လောက်အတိုင်းအတာအထိ ပျက်စီးတယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ ဘုရင့်နောင် ကုန်စည်ဒိုင်က ဒုတိယဥက္ကဋ္ဌ ဦးအုန်းစိုင်က ပြောပါတယ်။

ကြက်သွန်နီဈေးမြင့်တက်နေပေမယ့် အရောင်းအ၀ယ်အနေနဲ့ကတော့ ပုံမှန်အတိုင်းရှိနေတယ်လို့ သိရပြီး နောက်(၁၀)ရက် (၁၅)ရက်အတွင်းမှာ ဈေးပြန်ငြိမ်သွားနိုင်တယ်လို့လည်း ပြောပါတယ်။ကြက်သွန်နီဈေးဟာ သင်္ကြန်ရက်မတိုင်ခင်က ပြည်ပတင်သွင်းတဲ့ အမျိုးအစားကို (၁) ပိဿ (၅၀၀)ကနေ (၅၅၀)ကြားရှိခဲ့ပြီး ကြက်သွန်နီအစစုံကတော့ (၇၀၀)ပတ်ဝန်းကျင်ရှိခဲ့တာပါ။ ဒီကနေ့ ဧပြီ(၁၉)ရက်မှာတော့ ပြည်ပတင်သွင်းတဲ့ အမျိုးအစားက (၁)ပိဿ (၆၀၀)ပတ်ဝန်းကျင် ရှိပြီး  ပြည်တွင်းရောင်းဈေးက တစ်ပိသာ(၉၀၀-၉၅၀)ကြားရှိတယ်လို့ သိရပါတယ်။

 

Related News