ရှမ်းပြည်နယ်တောင်ပိုင်းက ပင်းတယမြို့နယ်နဲ့ကလောမြို့နယ်တွေက ကျေးရွာအချို့မှာ ပြီးခဲ့တဲ့ မတ်လလယ်လောက်ကတည်းက စတင်ပြီး ရေရှားပါးမှုပြဿာနာ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။  ပင်းတယမြို့နယ်ရဲ့ ကူးကော်ကျေးရွာအုပ်စုနဲ့ ပွေးလှကျေးရွာအုပ်စုတွေမှာ ပါဝင်တဲ့ ရွာပေါင်း၁၁ရွာနဲ့ ကလောမြို့နယ်ရဲ့ ဘော်ဆိုင်းကျေးရွာ အုပ်စုနဲ့ ကျောက်ထပ်ကျေးရွာ အုပ်စုတွေမှာ ပါဝင်တဲ့ ကျေးရွာ၈ရွာတို့မှာ ရေရှားပါးပြတ်လပ်မှုပြဿနာကို ကြုံတွေ့နေရတာဖြစ်ပြီး အဲ့ဒီကျေးရွာဒေသတွေမှာနေထိုင်သူ လူဦးရေစုစုပေါင်း၁၇၀၀၀ကျော်ရှိတယ်လို့ သိရပါတယ်။

ရေရှားပါးနေတဲ့ဒေသတွေကို ရေလာရောက်လှူဒါန်းတာတွေရှိပြီး ပြီးခဲ့တဲ့ရက်ပိုင်း အတွင်းက မိုးရွာသွန်းခဲ့တာတွေရှိတာကြောင့် သီတင်းပတ်တစ်ပတ်စာလောက် သောက်သုံးရေ ရှိနေသေးပေမယ့် လာမယ့်သီတင်းပတ်လောက်ဆိုရင် ရေလိုအပ်ချက်ကတော့ရှိနေသေးတယ်လို့ သိရပါတယ်။ အလှူရှင်တွေ လာရောက်လှူဒါန်းနေကြတာတွေရှိသလို လူမှုကွန်ယက် စာမျက်နှာတွေကနေ အသိပေးနေတာမျိုးတွေ ရှိတယ်လို့လည်း ဆိုပါတယ်။ရေလှူဒါန်းလိုသူတွေအနေနဲ့ ဂါလံတစ်ထောင်ဝင်ဆံ့တဲ့ကားတစ်စီးကို ငွေကျပ်တစ်သောင်းခွဲ နှုန်းနဲ့ တောင်ရိုးလူငယ်အထောက်အကူပြုအဖွဲ့ရဲ့ ဖုန်းနံပါတ် ၀၉၄၂၂၅၁၇၀၅၃ကို ဆက်သွယ်လှူဒါန်း နိုင်တယ်လို့ သိရပါတယ်။ 

 

 

Related News