ရန်ကုန်မြို့မှာရှိတဲ့ ခုံးကျော်တံတားတွေအောက်မှာ အလှပန်းခြံ၊ အနားယူအပန်းဖြေနေရာတွေ လုပ်ဆောင်ပေးသွားမယ်လို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောပါတယ်။ ရန်ကုန်မြို့က ခုံးကျော်တံတားတွေရဲ့အောက်မှာ ပြည်သူတွေအတွက် အလှပန်းခြံနဲ့ အနားယူ အပန်းဖြေနေရာတွေ ဆောင်လုပ်ပေးသွားမယ်လို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက တိုင်းလွှတ်တော်မှာ ပြောကြားလိုက်ပါတယ်။ ဒီအတွက်ကုမ္ပဏီတွေရဲ့ ထောက်ပံ့မှုတွေကိုလဲ စိစစ်ရယူ မှုလုပ်ဆောင်မှာဖြစ်သလို ရန်ကုန်တိုင်းအစိုးရဆီကနေလည်း ဘတ်ဂျတ်တောင်းခံပြီး လုပ်ဆောင်ပေး သွားမယ်လို့လည်း မြို့တော်ဝန်က ဆိုပါတယ်။

ရွှေဂုံတိုင်ခုံးကျော် တံတားအောက်မှာ  ကားပါကင်နဲ့ အလှပန်းခြံ၊ အနားယူအပန်းဖြေနေရာတွေ လုပ်ဆောင်ပေးဖို့ ရ၊ှိ မရှိကို ဗဟန်းမြို့နယ်အမတ် ဦးသောင်းထွဋ်က တိုင်းလွှတ်တော်မှာ မေးမြန်းစဉ် မြို့တော်ဝန်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ရွှေဂုံတိုင်ခုံးကျော်တံတားအောက်မှာ လုပ်ဆောင်ပေးမယ် ဆိုရင် ရပ်ကွက်(၅)ခုထက်မနည်း အပန်းဖြေနိုင်မယ်လို့လည်း ဦးသောင်းထွဋ်က ဆိုလိုက်ပါတယ်။လက်ရှိရန်ကုန်မြို့က ခုံးကျော်တံတားတွေထဲက မြေနီကုန်းခုံးကျော်တံတားအောက်မှာ ကစားကွင်းတွေ၊ အနားယူဖို့ ထိုင်ခုံတွေ၊ နံရံဆေးရေးပန်းချီတွေနဲ့  အလှဆင်လုပ်ဆောင်ထားပြီးလည်း ဖြစ်ပါတယ်။  

 

Related News