နေပြည်တော်ကို ခရီးသွားတွေလာရောက်စေဖို့ လုပ်ဆောင်ရာမှာ အထောက်အပံ့ဖြစ်စေဖို့ ကူညီတဲ့အနေနဲ့ အရှေ့တောင်အာရှနိုင်ငံတွေက ဆိုင်ကယ်စီးအဖွဲ့ဖြစ်တဲ့ Honda Gold Wing Bike Club  ဟာ မေလ၃ရက်နေ့က နေပြည်တော်ကိုလာရောက်ခဲ့ပါတယ်။

Honda Gold Wing Bike Club  ဟာ မြန်မာနိုင်ငံကို Arsean Economic Community Ride To Nay Pyi Taw အစီအစဉ်နဲ့ထိုင်းနိုင်ငံဘန်ကောက်မြို့ကတစ်ဆင့် မြ၀တီနယ်စပ်ကို ဖြတ်ကာ အမြန်လမ်းမကြီးတစ်ဆင့် နေပြည်တော်ကို လာရောက်ခဲ့တာဖြစ်ပြီး အဲဒီအဖွဲ့မှာ စင်္ကာပူ၊ ထိုင်းနဲ့ မလေးရှားနိုင်ငံတွေက ဆိုင်ကယ်၂၅စီးနဲ့ လူ၃၈ဦးပါဝင်တယ်လို့ သိရပါတယ်။

ဆိုင်ကယ်စီးအဖွဲ့အနေနဲ့ မေလ၃ရက်နေ့က စတင်တဲ့ သုံးရက်ကြာခရီးစဉ်အတွင်း မြ၀တီ၊ပဲခူး၊ နေပြည်တော်ကနေ ဘားအံမြို့တွေနဲ့ ကျိုက်ထီးရိုးစေတီတို့ကို သွားရောက်မှာဖြစ်ပြီး မေလ(၅)ရက်မှာ ပြန်လည်ထွက်ခွာမယ်လို့ သိရပါတယ်။

ယခုဆိုင်ကယ်စီးအဖွဲဟာ ဟိုတယ်နှင့်ခရီးသွာလာရေးဝန်ကြီးဌာန ကတစ်ဆင့် ဆောက်လုပ်ရးဝန်ကြီးဌာနကို အမြန်လမ်းပေါ်မှာ ဆိုင်ကယ်စီးနှင်းခွင့်အတွက် ခွင့်ပြုမိန့် တောင်းခံပေးခဲ့တာဖြစ်ပြီး ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် အမြန်လမ်းမကြီးရဲတပ်ဖွဲ့က လမ်းတစ်လျှောက်ကူညီပေးခဲ့တယ်လို့ ပြောပါတယ်။မြန်မာနိုင်ငံကိုလာရောက်ခဲ့တဲ့ Honda Gold Wing Bike Club မှာ နာမည်ကြီးဆိုင်ကယ် အမျိုးအစား တွေဖြစ်တဲ့ Honda, BMW, Suzuki, KDM  စတဲ့ အင်ဂျင်ပါဝါ ၈၀၀ ကနေ ၁၈၀၀အထိရှိတဲ့ ဆိုင်ကယ်အကြီးစားတွေနဲ့ ပါဝင်ဖွဲ့စည်းထားတာလို့ သိရပါတယ်။

 

 

Related News