အစားအစာနဲ့ ဟိုတယ်လုပ်ငန်းဆိုင်ရာ (Food & Hotel Myanmar 2017)  ပြပွဲကျင်းပမယ့် သတင်းစာရှင်းလင်းပွဲကို မေလ(၁၆)ရက်က  ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်မှာပြုလုပ်ခဲ့ ပါတယ်။ဒီပြပွဲကို သုံးရက်ကြာကျင်းပသွားမှာဖြစ်ပါတယ်။ ဒီပြပွဲမှာ အစားအစာနဲ့ အဖျော်ယမကာ၊ ဟိုတယ်၊ စားသောက်ဆိုင်၊ မုန်ဖတ်လုပ်ငန်းနဲ့ အစားအစာဝန်ဆောင်မှုဆိုင်ရာ ပစ္စည်းတွေ၊ အထောက်အကူ  ပစ္စည်းတွေ၊၀န်ဆောင်မှုလုပ်ငန်းတွေကိုပါ ပါဝင်ပြသသွားမှာဖြစ်တယ်လို့ သိရပါတယ်။ဒီပြပွဲမှာ ခရီးသွားလုပ်ငန်းတွေကို တိုးတက်လာစေဖို့ နဲ့ ပြည်တွင်းကအစားအစာတွေကို တစ်နေရာတည်းမှာ ရရှိနိုင်အောင် စီစဉ်ထားတာ ဖြစ်ပါတယ်။ ပြပွဲမှာ မြန်မာ၊ ကိုရီးယား၊စင်္ကာပူ၊ ထိုင်ဝမ၊် ထိုင်း၊ အမေရိကနိုင်ငံနဲ့ တူရကီနိုင်ငံတို့  နိုင်ငံပေါင်း (၇)နိုင်ငံက  ပါဝင်ပြသသွားမှာဖြစ်ပြီး ဆိုင်ခန်းပေါင်း (၂၀၀)ကျော်၊ ထုတ်ကုန်နဲ့ ဝန်ဆောင်မှု အမျိုးအစား ၁၂၀၀ကျော်ပါဝင်ပြသသွားမယ်လို့ သိရပါတယ်။ဒီပြပွဲကို ပြည်တွင်းမှာ ကျင်းပတာ စတုတ္တကြိမ်ရှိပြီဖြစ်ပြီး  ပြပွဲကို MCC ခန်းမမှာ  ဇွန်လ(၇)ရက်က (၉)ရက်အထိ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။  

 

 

Related News