We Care For You  ပြည်သူ့ပညာပေး Online Video ပြိုင်ပွဲရဲ့ ဆန်ခါတင်ဇာတ်ကားများ ရလဒ်ကို ထုတ်ပြန်ပြီး ဆုပေးအပ်တဲ့ပွဲကို မေလ ၁၇ ရက်က Junction Square  ရှိ Cinema Hall  မှာ ပြုလုပ်ခဲ့ပါတယ်။We Care For U Online Video  ပြိုင်ပွဲကို Giordano နဲ့MMDC တို့က ပထမဆုံးအကြိမ် ပူးပေါင်းပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။လူမှုပတ်ဝန်းကျင်ရဲ့ အားနည်းချက်၊ လိုအပ်ချက်တွေ နဲ့ လူသားချင်းစာနာထောက်ထားမှုကို ဖော်ပြတဲ့ ပြည်သူ့ပညာပေးဇာတ်ကားတွေ ပေါ်ထွက်လာရေး Giordano နဲ့MMDC က  We Care For You ခေါင်းစဉ်နဲ့ Online Video  ပြိုင်ပွဲကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ဇာတ်ကားFinal အဆင့်ရွေးချယ်မှုကို ၀ါရင့်အနုပညာရှင်တွေနဲ့MRTV-4  မှ ကျွမ်းကျင်ပညာရှင်များက အကဲဖြတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

We Care For You Online Video ပြိုင်ပွဲမှာ ဇာတ်ကားအကောင်းဆုံးဆု၊ လူကြိုက်အများဆုံး ဆု နဲ့ နည်းပညာဆိုင်ရာ အကောင်းဆုံးဆု ၅ ဆုကို အကဲဖြတ်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။Facebook Choice  ဆုအပြငGrand Prize ဆုနဲ့ တည်းဖြတ်အကောင်းဆုံးဆု တို့ကို ရရှိခဲ့တဲ့ Active Linking  ဇာတ်လမ်းတို ရိုက်ကူးသူ မငြိမ်းငြိမ်းအောင်ကတော့  ဇာတ်ကားဖန်တီး ရတဲ့ အတွေ့အကြုံတွေကို ပြောပြခဲ့ပါတယ်။ ပြိုင်ပွဲမှာ Grand Prize  ဆုကို ကျပ်ဆယ်သိန်း ၊ Facebook Choice  ဆုကို ကျပ်သုံးသိန်း နဲ့ နည်းပညာဆိုင်ရာ ဆုတွေကို MMDC  မှာ သင်တန်းတက်ရောက်ခွင့် စကောလားရှစ်တွေ ပေးအပ်ခဲ့တယ်လို့သိရပါတယ်။We Care For You ခေါင်းစဉ်ကို အသုံးပြုပြီး Giordano နဲ့ MMDC က လူထုအကျိုးပြုလုပ်ငန်းတွေကို ထပ်တိုးလုပ်ဆောင်သွားဖို့ရှိတယ်လို့သိရပါတယ်။

 

 

Related News