ကျိုက်ထီးရိုးဘုရား ရင်ပြင်တော်ရှိ ကျောက်ပြားအားလုံးကို လာမယ့် သြဂုတ်လအတွင်း အပူခံကျောက်ပြားတွေ လဲလှယ်သွားဖို့ရှိတယ်လို့ သိရပါတယ်။ လက်ရှိကျိုက်ထီးရိုး ဘုရားရင်ပြင်တော်မှာခင်းထားတဲ့ကျောက်ပြားတွေဟာ အပူဒဏ်ခံနိုင်မှု မရှိတာကြောင့် ဘုရားဖူး ပြည်သူတွေအနေနဲ့အခက်အခဲဖြစ်နေတယ်လို့သိရပါတယ်။ ဒါ့ကြောင့် ကျိုက်ထီးရိုးဂေါပကအဖွဲ့က ဘုရားဖူးတွေသွားလာရ အဆင်ပြေစေဖို့အတွက် အပူဒဏ်ခံ ကျောက်ပြားတွေကို လဲလှယ်ရတာဖြစ်တယ်လို့သိရပါတယ်။

အခုလိုအပူခံကျောက်ပြားလဲလှယ်ရာမှာ ကျိုက်ထီးရိုးရင်ပြင်တော်အပြင် ဘေးပတ်လမ်းနဲ့ ခြသေ့င်္နှစ်ကောင်မှရင်ပြင်တော် ပေါ်တက်တဲ့လမ်း ကိုလည်းအပူခံကျောက်ပြား လဲလှယ်သွားဖို့ ရှိတယ်လို့ သိရပါတယ်။ မြို့နယ်အင်ဂျင်နီယာတွေ ကတော့ (၁၀)ပေပတ်လည် ကျင်း (၉၀၀)နီးပါးရှိပြီး တစ်ပေပတ်လည်ကျောက်ပြား အရေအတွက် (တစ်သိန်း)၀န်းကျင် လောက် အသုံးပြုရမယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။

 

 

Related News