230 KV  အရှေ့ဒဂုံပင်မဓာတ်အားခွဲရုံကနေ ဓာတ်အားသွယ်တန်းထားတဲ့ ကောင်းကင် ဓာတ်အားလိုင်းတစ်ခုကို ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် အင်းဝလမ်းဆုံမှ ကျန်စစ်သားလမ်းအထိ တည်ဆောက်နေတယ်လို့ သိရပါတယ်။ 230 KV အရှေ့ဒဂုံပင်မဓာတ်အားခွဲရုံကနေ 66 KV  ကျီစုဓာတ်အားခွဲရုံ၊ 66 KV  ဒဂုံအရှေ့စက်မှုဇုန်ခွဲရုံ (၁၊၂)၊ 66 KV  ကျန်စစ်သားခွဲရုံတို့ကနေတစ်ဆင့်  ဒဂုံမြို့သစ်အရှေ့ပိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းနဲ့ ဒဂုံဆိပ်ကမ်း မြို့နယ်တွေက စက်မှုဇုန်တွေနဲ့ လူနေရပ်ကွက်တွေကို ဓာတ်အားပေးသွားမှာ ဖြစ်ပါတယ်။

အရင်ကဒီမြို့နယ်တွေကို သာကေတပင်မဓာတ်အားခွဲရုံကနေ ဓာတ်အားပေးနေတာဖြစ်ပြီး အခု ဓာတ်အားလိုင်းသစ် တည်ဆောက် လိုက်တာကြောင့် သာကေတပင်မဓာတ်အားခွဲရုံက တခြား မြို့နယ်တွေကို ဓာတ်အားပိုပေးနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ဒီကောင်းကင်ဓာတ်အားလိုင်းကို အကွာအဝေး(၂.၄)မိုင်အတွင်းအမြင့် ၂၂မီတာ ကွန်ကရစ်တိုင်နဲ့ တည်ဆောက်သွားမှာ ဖြစ်တယ်လို့သိရပါတယ်။ လက်ရှိကောင်းကင် ဓာတ်အားလိုင်းကို ဖေဖော်ဝါရီလက စတင်လုပ်ဆောင်နေတာဖြစ်ပြီး ယခုဇူလိုင်လအကုန်ပိုင်းမှာ အပြီးသတ် တည်ဆောက်ပြီး ဓာတ်အားစတင်ထုတ်လွှတ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အခုလိုအရှေ့ဒဂုံဓာတ်အားခွဲရုံကနေ ဒဂုံမြို့သစ်မြောက်ပိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ မရမ်းကုန်း၊ ရွှေပေါက္ကံမြို့နယ်တွေမှာလည်း ဓာတ်အားလိုင်းတွေထပ်မံတည်ဆောက်ပြီး ဓာတ်အားတွေ ထုတ်လွှတ်သွားမှာ ဖြစ်တယ်လို့သိရပါတယ်။

 

 

Related News